Pages

Monday, July 6, 2015

လမ်းဖြတ်ကူးသူတွေကို မဖမ်းပါနဲ့ အကူအညီသာပေးလိုက်ပါ


RangonNewsDaily:: July . 5 .2015
အချိန်က နံနက် ၉ နာရီကျော် ၁၇၄ ဘတ်စ်ကားပေါ်မှဆင်းပြီး ရန်ကုန်မြို့ ရှိ မြေနီကုန်း ဒဂုံစင် တာသို့ သွားရန်အတွက် တက်ကြွသောခြေ လှမ်းများဖြင့် လမ်းဖြတ်ကူးသည့် ချစ်သူစုံတွဲ အား လူပုံအလယ်တွင် ထိုစုံတွဲ၏ တစ်နေ့တာ ပျော်ရွှင်မှုများကို ပျက်စီးစေ မည့် လက်တစ်စုံ က ဖမ်းဆီး လိုက်ရာ နှစ်ယောက်စလုံးမှာ ဆွံ့အ လျက် မျက်နှာလေးပျက်စွာဖြင့် ယာဉ်ထိန်း ရဲ ခေါ်ဆောင်ရာ ကားကြီးပေါ်သို့ လိုက်ပါသွား ရသည် ကို တွေ့မြင်ရသည်။
ဟဲ့ ..ညီမလေး လမ်းဖြတ်မကူးနဲ့ ဟိုမှာ လူကူးမျဉ်းကျားက မကူးတဲ့လူတွေကို ဖမ်းနေ တယ်ဟု စေတနာထားပြီး ဒဂုံစင်တာရှေ့နား တွင် လမ်းဖြတ်ကူးသူမှန်သမျှကို အော်ဟစ် ၍ ကွမ်းယာဆိုင်မှ အမျိုးသမီးကြီးတစ်ဦးက သတိပေးပြောဆိုသံ များကလည်း နံနက်ခင်း ရဲ့ တေးသံလေးအလား။

အလားတူ မြေနီကုန်းတံတား အနီးမှာ လမ်းဖြတ်ကူးသော အသက် ၄၀ ကျော် အရွယ် လူလတ်ပိုင်းတစ်ဦးကို ယာဉ်ထိန်းရဲတစ်ဦး က ကားလမ်းမ အလယ် တည့်တည့်တွင် ဖမ်းလိုက်ရာ ထိုသူက မကျေနပ်သော အမူအရာ ဟန်ပန်ဖြင့် ပြန်လည်တုံ့ပြန်ရာ ယာဉ်ထိန်း ရဲ နောက်ထပ်နှစ် ဦး ထပ်မံရောက်ရှိလာပြီး လမ်းကူးမျဉ်းကျားမှ မဖြတ်ကူးသော လူများကို ဖမ်းဆီးထားသော ဘီအမ်ကားပေါ် သို့ ခေါ်ဆောင်သွားပါသည်။

ထို့ပြင် မြေနီကုန်းခုံးကျော်တံတားအနီး တွင် လမ်းဖြတ်ကူးသော ဦးလေးကြီး တစ်ဦး ကို ယာဉ်ထိန်းရဲတစ်ဦးက ကားလမ်းမ အလယ် တည့်တည့်တွင် ဖမ်းလိုက်ရာ ထိုဦးလေးက မကျေနပ်သော အမူအရာဟန် ပန်ဖြင့် ပြန်လည် တုံ့ပြန်ရာ ယာဉ်ထိန်း ရဲ နောက် ထပ်နှစ်ဦး ထပ် မံရောက်ရှိလာပြီး အဆိုပါဦးလေးကြီးလက် ကိုတွဲ၍ လမ်းကူးမျဉ်းကျားမှ မဖြတ်ကူးသော လူများကို ဖမ်းဆီးထားသော ဘီအမ်ကားပေါ် သို့ ခေါ်ဆောင်သွား သည့်မြင်ကွင်းများကို လည်း တွေ့မြင်ခဲ့ရသည်။
ယခုရက်ပိုင်း တွင် မြေနီကုန်း ဒဂုံစင်တာ နားတွင် တနင်္လာနေ့ မှ သောကြာနေ့ ထိ တစ်ပတ် လျှင် ငါးရက် ရုံးဖွင့်ရက်များတွင် လူကူးမျဉ်း ကျား မှ မကူးသောသူများကို ဖမ်းဆီးလျက်ရှိ ပြီး နေ့စဉ်ရက် ဆက်ဖမ်းခြင်း မျိုးမဟုတ်ကြောင်း မြေနီကုန်း တွင်နေထိုင်သူ တစ်ဦးကပြောသည်။

''ယခုရက်ပိုင်းအတွင်း နံနက် ၉ နာရီ ကနေ ည ၉နာရီခွဲထိ နေ့စဉ်ပုံမှ န်လာ ဖမ်းနေကြ ပါ။ လိုက်ဖမ်းတဲ့ယာဉ်ထိန်းရဲက ခုနစ်ယောက် လောက်ရှိမယ်။ အဲဒီလိုလိုက်ဖမ်းမယ့် လူအင် အားကို ယာဉ်ကြောပိတ်ဆို့နေတဲ့နေရာတွေ မှာ သွားရှင်းပေး မယ်ဆို ဘယ်လောက်ကောင်း မလဲ။ ဒီနေ့ဆို လူကူးမျဉ်းကျား ကမကူးတဲ့သူ တွေကိုဖမ်းလို့ တချို့ယောက်ျားလေးတွေ နဲ့ ပြဿနာတွေတက်ပါတယ်။ လူငယ်တွေကိုလဲ ဖမ်းတယ်၊ သက်ကြီးရွယ်အို အဘွားအိုတွေ လဲဖမ်းတဲ့အတွက် ကားမှတ်တိုင် မှာစောင့်နေ တဲ့လူတွေက ဝိုင်းဟောက်လိုက်တော့မှ အဘွား အိုကိုပြန်လွှတ်လိုက်ပါတယ်။ အခုက ယာဉ်ထိန်း ရဲတွေအနေနဲ့ ခရီးသည်အငိုက်ကို အတင်းဖမ်း တဲ့ပုံစံမျိုးတွေဖြစ်နေ တာပါ''ဟု မြေနီကုန်းတွင် ဂျာနယ်ရောင်းချ သူတစ်ဦးကပြောသည်။

မြေနီကုန်းဒဂုံစင်တာရှေ့တွင် လမ်းဖြတ် ကူးသူများကို ယာဉ်ထိန်းရဲများ ကဖမ်းဆီးသည့် အခါ အချို့ယောက်ျားလေးများမှာ ကားများ ဖြတ်သန်း သွားလာနေသည့်အချိန်တွင် ယာဉ် ထိန်းရဲများ လိုက်လံဖမ်းဆီးနေ သည့်ကြားမှ ထုပ်ဆီးတိုးကစားသလို အဖမ်းခံရမည်စိုးရိမ် သောကြောင့် ကားများတိုက် မည်ကိုပင် ဂရုမစိုက် နိုင်ဘဲ လွတ်မြောက်အောင် ထွက်ပြေးသူများ လည်းတွေ့ရသည်။

''အခုပဲ ဒဂုံစင်တာ က ဖုန်းဆိုင်ရှေ့နား မှာ အသက် ၂၀ ကျော်ကောင်လေးနှစ်ယောက် က မျဉ်းကျားက မကူးလို့ ယာဉ်ထိန်းရဲ ဖမ်းလိုက် တာကို အဲဒီကောင်လေးနှစ်ယောက်က အဖမ်း မခံဘဲ ထုပ်ဆီးတိုးတမ်း ကစားသလို သူတို့ နှစ်ယောက် ထွက်ပြေးပါတယ်။ အဲဒီအချိန်မှာ ကားတွေကလဲ မီးပွိုင့်လွှတ်လိုက်တာဆိုတော့ ကျွန်တော်တို့ကြည့်နေမိတဲ့သူတောင် အဲဒီ ကောင်လေးနှစ်ယောက် တစ်ခုခုဖြစ်မှာစိုးရိမ် နေမိတယ်။ အဲဒီကောင်လေးနှစ်ယောက်ကို တော့ ယာဉ်ထိန်းရဲတွေ မဖမ်းမိလိုက်ပါဘူး။တကယ်တော့ မြန်မာနိုင်ငံမှာ လမ်းစည်းကမ်း ဖောက်ဖျက်တဲ့သူတွေကို ရန်ကုန်တိုင်းတစ်တိုင်း လုံးအနေအထားနဲ့ အမြဲတမ်းပုံမှန် လိုက်လံ ဖမ်းဆီးရမှာပါ။ အခုက စီမံချက်ကာလအနေနဲ့ လူစည်ကားတဲ့ မြေနီကုန်းလိုနေ ရာမျိုးမှာ နေ့စဉ်လာစောင့်ဖမ်းနေတာကတော့ အလုပ် မဟုတ်ပါဘူး'' ဟု မြေနီကုန်းတွင် အလုပ်လုပ် ကိုင်သူ ကိုမြင့်ဝေကပြော သည်။

''အခုလိုမျိုး နေ့စဉ် နံနက် ၉ နာရီကနေ ည ၉နာရီခွဲအတွင်း အခုလို လူစည်ကားတဲ့ မြေနီ ကုန်းဒဂုံစင်တာလိုနေရာ မျိုးမှာ နေ့စဉ်ရက်ဆက် လာဖမ်းတာမျိုးက သဘာဝမကျဘူး။ တကယ် ဆို ရန်ကုန်တစ်မြို့လုံးအနေအထားနဲ့ လိုက်ဖမ်း ရမှာလေ။ အခုက အခုလိုလူစည်ကားတဲ့ တစ် နေရာတည်းဖမ်းတော့ နာရီဝက်အတွင်းမှာ ဖမ်း ထားတဲ့လူတွေက ဘီအမ်ကားတစ်စီး ခဏလေး နဲ့ပြည့်သွားရော၊ မတ်တတ်တွေတောင် ပါသေး ပါတယ်။ တချို့ယောက်ျားလေးတွေဆို မကျေ နပ်လို့ ပြန်ရန်တွေ့နေ တာတွေလဲတွေ့ရပါ တယ်''ဟု မြေနီကုန်းတွင် ကွမ်းယာရောင်းချ နေသူတစ်ဦးကပြောသည်။

လူကူးမျဉ်းကျားမှ လမ်းဖြတ် မကူးသည့် အတွက် ဖမ်းဆီးခံရ သည့်ပြည်သူများ မှာ အလုပ် ပျက်အကိုင်ပျက်ဖြစ်ရသည့်အပြင် အချို့မှာ မိသားစုစားဝတ်နေရေးအတွက် တစ်နေ့တာဝင် ငွေများ ထိခိုက်နစ်နာ ဆုံးရှုံးခြင်းများ၊ အလုပ်ကို မရောက်ရှိသည့် အတွက် အလုပ်မှအရေးတကြီး ခိုင်းထားသောကိစ္စများမလုပ်ရသည့်အတွက် အလုပ်ထုတ်ခံရသည်အထိ ထိခိုက်နစ်နာမှုများ၊ ခရီးသွားမည့်သူများအနေဖြင့်လည်း ခရီးစဉ်များ နောက် ကျသည့်အတွက် ထိခိုက်နစ်နာမှုများ၊ ကျောင်းသား ၊ ကျောင်းသူ များမှာ လည်း စာမေးပွဲ၊ ပရက်တီကယ်နှင့် အရေးကြီးသင်ခန်းစာများ ကို လက်လွတ်ဆုံးရှုံးခြင်းများ ကြုံတွေ့ရကြောင်း သိရသည်။

''ညီမသူငယ်ချင်းနဲ့အတူ ဒီနေ့ကုမ္ပဏီ တစ်ခုမှာ အတူတူအင်တာ ဗျူးဖြေဖို့ မြေနီ ကုန်း ဒဂုံစင်တာရှေ့မှာချိန်းထားတာပါ။ အခု သူ နောက် ကျနေလို့ ဖုန်းဆက်ကြည့်တော့ သူအခု မျဉ်းကျားကနေ လမ်းဖြတ်မကူးလို့ ယာဉ်ထိန်း ရဲဖမ်းသွားလို့ အခုယာဉ် စည်းကမ်း၊ လမ်းစည်း ကမ်း ထိန်းသိမ်းရေးကားပေါ်မှာတဲ့။ အခုလို အဖမ်းခံရတော့ ညီမတို့ဘဝအတွက် ရည်မှန်း ချက်လေးဖြစ် တဲ့ အလုပ်တစ်ခုရဖို့အခွင့် အ ရေးလဲဆုံးရှုံးသွား ပါတယ်။ တကယ်ဆို သူတို့ တွေ မြေနီကုန်းမှာဖမ်းမယ်ဆိုရင် ပညာပေးအစီ အစဉ်တွေနဲ့ သေချာပြောပြလေ။ အခုလို လူစည် ကားတဲ့နေရာမှာ ပြည် သူတွေ အငိုက်ကိုဖမ်း တဲ့လုပ်ရပ်က မဖြစ်သင့်ပါဘူး''ဟု တာမွေမြို့ နယ်တွင်နေထိုင် သူ မသီတာဝင်းကပြောသည်။

''အရင်ကဆို မြန်မာဇာတ်ကားတွေမှာ လမ်းစည်းကမ်းပညာပေး 'ချစ်ချစ် အတွက် စလင်းဘက်' ဇာတ်လမ်းတွဲလေး အမြဲတမ်း ပြသ ပါတယ်။ တကယ်ဆို ပြည်သူတွေလဲ စည်း ကမ်းရှိလာအောင် လမ်းစည်းကမ်း ပညာပေး အစီအစဉ်တွေကို ရုပ်သံလိုင်းတွေ မှာ နေ့စဉ် ပြသမယ် ဆိုရင် ပြည်သူတွေလဲ နားလည် သဘောပေါက်လာပြီး စည်းကမ်းရှိလာ ကြမှာ ပါ'' ဟု စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေ သူ ဦးမျိုးသူရ က ပြောသည်။

''မြေနီကုန်းမှာ ရုံးသွား ဖို့လမ်းဖြတ်ကူး တာ လူကူးမျဉ်းကျားကမကူးလို့ ယာဉ်ထိန်းရဲ က ဖမ်းသွားပါတယ်။ ကားပေါ်မှာ နာရီဝက် လောက် အချိန်ကုန်ခံပြီး စောင့်လိုက်ရတယ်။သူတို့က အယောက် ၃၀ လောက်ပြည့်မှ တစ်ခါ ၅၁ လမ်းက ယာဉ်ထိန်းရဲရုံးကိုပို့တယ်။ အဲဒီ ကိုရောက်တော့ ပညာပေးအစီအစဉ်လဲ မပြဘူး။ ဒဏ်ငွေတစ်ထောင်ဆောင် ပြီး ပြန်လာ ရတယ်။ ကျွန်တော်နဲ့အတူ အဖမ်းခံရတဲ့အစ်ကိုတွေဆို အလုပ်သွားလျှောက် မလို့ချိန်းထားတာ မသွားရ လို့ဒေါသထွက်နေတယ်။ ကျွန်တော့်အတွက် အလုပ်မသွားရတဲ့အတွက် တစ်နေ့တာ ငွေရေး ကြေးရေးထိခိုက်သလို အလုပ်က အထက်လူ ကြီးက ဆူတာလဲခံရပါတယ်။ တကယ်တော့ ဖမ်းမိတာနဲ့ ဒဏ်ငွေ တစ်ထောင်ကောက် ပြီး ချလန်ဖြတ်လိုက် ရင်ပြီးနေတဲ့ ကိစ္စကို လူတွေ သက်သက် အချိန်ကုန် အလုပ်ပျက်အကိုင် ပျက်ဖြစ်ရပါ တယ်''ဟု ဗိုလ်တထောင်မြို့နယ် မှ မောင်အေးချမ်းကပြောသည်။

မြေနီကုန်း တစ်နေရာ တည်းတွင်သာ မဟုတ်၊ ဆူးလေလို မြို့လယ်ကောင်နေရာတွင် လည်း လူကူးခုံးကျော်တံတားမှ လမ်းဖြတ် မ ကူးသောသူများကိုလည်း တစ်ခါတစ်ရံ အမှတ် မထင်လိုက်ဖမ်းခြင်း များလည်းရှိနေသည်။ မြောက်ဥက္ကလာပမြို့ နယ်နေ ကိုမင်းမင်း က ''မြို့လယ်ကောင် မှာ လူကူးမျဉ်းကျားက မကူး လို့ဆိုပြီး လိုက်ဖမ်းတာ မျိုးကတော့ ရှက်ဖွယ် ကောင်းပါတယ်။ မြို့လယ်ကောင်မှာ အဲဒီလိုတော့ မဖြစ်သင့်ဘူး။ ပြည်သူတွေကိုအရင် အသိပညာ ပေးလေ။ လမ်းကူးရ မယ့်နေရာ သတ် မှတ်ပေး လေ။ လူတွေက ပလက်ဖောင်း ပေါ်ကတောင် လမ်းလျှောက် လို့မရတဲ့မြို့မှာ လမ်းစည်းကမ်း မ လိုက်နာလို့ဆိုပြီး ဖမ်းချင်သလိုဖမ်းတာကတော့ မကောင်းဘူး။ သူတို့ဖမ်းတဲ့အချိန်ကလဲ နံနက်ပိုင်း ၉ နာရီဝန်းကျင်ပဲဖမ်း တယ်။ ပြီးရင်လူတွေက အဲဒီနေရာကပဲ လမ်းဖြတ်ကူးကြတယ်။ အဲဒီအခါ မဖမ်းတော့ဘူး။ ပြည်သူတွေက ဘယ်လိုလိုက် နာတော့မလဲ။ ဖမ်းချင်ရင်ဖမ်း မယ်။ မဖမ်းချင် ရင်မဖမ်းဘူးဆိုတာဖြစ်နေတာ''ဟု ပြောသည်။

ရန်ကုန်မြို့တွင် လူကူးမျဉ်းကျားမှ လမ်း ဖြတ်မကူးသူများကို ဖမ်းသောနေရာ သုံးနေရာ ရှိသည်။ ယင်းနေရာများမှာ သိမ်ကြီးဈေးမှတ် တိုင်၊ ဆူးလေ မီးပွိုင့်နှင့် ယခုတစ်ပတ် ငါးရက် လောက်ဖမ်း ဆီးနေသော မြေနီ ကုန်းနေရာ များ ဖြစ်သည်။ ကျန်သောနေရာတွင်တော့ ကူး ချင်သလို ကူးလို့ရသော ပုံစံမျိုးဖြစ်နေသည်။
''ဆူးလေမှာ မနက်ပိုင်းရုံးသွားဖို့ လမ်း ဖြတ် ကူးတာ လမ်းကူးခုံးကျော် တံတား က မကူး လို့ ယာဉ်ထိန်းရဲကဖမ်းသွားပါတယ်။ ကျွန်တော်နဲ့ အတူ လမ်းကူးတာကတော့ ၁၀ ယောက်ကျော် လောက်ရှိတယ်။ ထွက်ပြေးကြတဲ့သူက ပြေးကြ တော့ ငါးယောက်လောက် မိတယ်။ ကားပေါ်မှာ အချိန် ၄၅ မိနစ်လောက်အကုန်ခံပြီး စောင့်လိုက် ရတယ်။ သူတို့က ၁၅ ယောက်ပြည့်မှ တစ်ခါ ၅၁ လမ်းကယာဉ်ထိန်းရဲရုံးကိုပို့တယ်။ အလုပ် ပျက်၊ အကိုင်ပျက်နဲ့ တစ်နေ့တာဝင်ငွေလဲနစ်နာ ဆုံးရှုံးတဲ့အတွက် ကျွန်တော်တို့လို တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လူတွေအတွက် အရမ်းကိုဒုက္ခ ရောက်ပါ တယ်''ဟု ဒေါပုံမြို့နယ် မှ ကိုဝင်းမြင့် ကပြောသည်။

ရန်ကုန်မြို့တွင် ပြည်သူများ အများဆုံးသွား လာတဲ့နေရာများတွင် လူကူးမျဉ်းကျားများ ပြု လုပ်ပေးခြင်းများအပြင် သတိပေးဆိုင်း ဘုတ် များချိတ်ပေးထားဖို့လိုအပ်နေကြောင်း ပြည်သူ များက ဝေဖန်ပြောဆိုနေကြသည်။
ကိုမင်းမင်းက ''တစ်ခါတစ် ခါ လူကူးမျဉ်း ကျားကကူးရင်တောင် ဘယ်ကား သမားကမှ မရပ်ပေးဘူး။ ဆူးလေမှာလဲ ဆိုင်းဘုတ်တွေ အများကြီးပဲ။ အဲဒီအထဲမှာ လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး ပြည် သူတွေကိုသတိပေး ချက် တွေ၊ အသိပညာပေး တာတွေက တစ်ခုမှမပါ ဘူး။ သူတို့ဘက်က အသိပညာပေးမှ ပြည်သူ တွေ ကလိုက်နာမှာပေါ့''ဟုဆိုပါတယ်။

ယာဉ်စည်း ကမ်း လမ်း စည်းကမ်းတွေ ကို တင်းတင်းကျပ်ကျပ်ဆောင် ရွက်ဖို့အတွက် ယခုလက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အားက မလောက်င ဟုဆို သည်။ သို့သော် ယာဉ်ကြော ပိတ်ဆို့သောနေရာများတွင် ယာဉ်ထိန်း ရဲတပ် ဖွဲ့ဝင်များကို မတွေ့ရပေမယ့် လူဖမ်းတဲ့နေ ရာ တွေ မှာတော့ အုံနဲ့ကျင်းနဲ့ကို တွေ့နေမြင်နေရ ပါသည်။
နံနက်ခင်း ရုံးသွား ရုံးလာသူများနှင့် လူ စည်ကားသောနေရာများတွင် အင်အား ခုနစ်ဦး ထက်မနည်းသော ယာဉ်ထိန်းရဲများက လူကူး မျဉ်းကျားမှ လမ်းဖြတ်မကူးသောသူများကို ဖမ်း ဆီးလျက်ရှိပြီး အမှန်တကယ် ယာဉ်ကြောပိတ် ဆို့လျက်ရှိသောေ နရာ များတွင် လူကူးမျဉ်းကျား မှမကူးသောပြည်သူများကို ဖမ်းဆီးနေသော ယာဉ်ထိန်းရဲများအနေဖြင့် ယာဉ်ကြော ကျပ် သောနေရာများသို့သာ သွားရောက်ရှင်းလင်း ပေး မည်ဆိုပါက ရန်ကုန်မြို့တွင် ပြည်သူများ ခံစားနေရသော ယာဉ်ကြောပိတ် ဆို့မှုအန္တရာယ် လည်း လျော့နည်းသွားမည်ဖြစ်သည်။

''မနက်ရုံးချိန်တွင် ဒဂုံစင်တာလိုနေရာ မျိုးမှာ ချောင်းပြီး ဖမ်းနေတာမျိုး လုပ်မယ့်အစား လှည်း တန်းလို ယာဉ်ကြောကျပ်တဲ့နေရာ မျိုးမှာ အဲဒီ ယာဉ်ထိန်းတွေ သွားချထားလိုက်ပါလားဗျာ။ မြေနီကုန်းမှာ လူစောင့်ဖမ်း တာက မြင်လို့တောင် မကောင်းပါဘူး။ အရာရှိတွေပါ ပါတာတွေ့ ရတယ်ဗျာ။ ကျွန်တော်တို့ဆီက ယာဉ်ထိန်းဆို သူတွေက လမ်းဖြတ်ကူး တဲ့ ပြည်သူတွေကို ကူညီပေးရမယ့်အစား ဖမ်းနေတယ်ဆိုတာ ကြားလို့လဲ မကောင်းပါဘူးဗျာ။ ဒါတွေကြောင့် လဲ လူထုကအထင်မကြီးတာဗျ။ လူထုကို ကူညီ ရင် လူထုကချစ်မှာပေါ့ဗျာ။ ရှင်းနေတာပဲ။ ဓမ္မ စေတီလမ်းထဲက ယာဉ်ထိန်းရဲကိုကြည့်ပါလား။ ကွာတယ်ဗျ။ ဒီနေ့ခေတ် ပိုလိုအပ် တာပေါ့။ ခေတ် ပြောင်း သွားပြီဆိုတာတောင် ဒီလူတွေကမပြောင်း လဲကြသေးဘူး။ တကယ်တော့ သူတို့ယာဉ်ထိန်း တွေရဲ့ ပင်မအလုပ်ကိုက ခရီးသွားတွေကိုကူညီ ဖို့ဗျ။ အဲဒါကို မေ့နေကြပြီးတော့ လိုက်ဖမ်းနေ တာ တော်တော်ကိုလွဲနေတယ်။ သူတို့ လုပ်ရ မှာက လမ်းဖြတ်ကူး လာတဲ့သူတွေ ကို မဖမ်းနဲ့။ ဖမ်းမယ့်အစား သွားပြီးတော့ပဲကူ ညီလိုက်။ ဒီနေရာကမကူးရဘူး။ ဒီနေရာကနေ ကူးပါဆိုပြီး လိုက်ပို့လိုက်ဦး။ ဒါဆိုပြီးပြီ''ဟု ခရီးသွားတစ်ဦး ကပြောသည်။
လက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များထဲတွင် တကယ်ကိုတော်၍ ပြည်သူတွေကိုယ်တိုင်က ကို လေးစားချစ်ခင်သောသူ များရှိပါ သည်။ ဥပမာ ဆိုလျှင် ဓမ္မစေတီလမ်းတွင် တာဝန်ကျ ယာဉ် ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုခင်မောင်မြင့် ဆိုလျှင် နိုင်ငံတကာ သတင်းစာများကပင် အ သိအမှတ်ပြု ရေးသားရတဲ့အထိ စွမ်းဆောင် ရည်မြင့်တဲ့သူတွေရှိနေပါသည်။ သို့သော် အများ စုကတော့ သူ့လိုလူမျိုးမဟုတ်ပါ။

ရန်ကုန်တိုင်းဒေသကြီးတွင် လူစည်ကား သောမီးပွိုင့်နေရာတွေမှာ အများပြည်သူ ယာဉ် အန္တရာယ်ကင်းရှင်းစွာ စည်းကမ်းစနစ် တကျ ဖြတ်သန်းသွားလာနိုင်ဖို့အတွက် လူကူးခုံးကျော် တံတားတွေ တည်ဆောက်ပေးနိုင်ဖို့ လိုအပ်ပါ သည်။
''တကယ် ဆို မြေနီ ကုန်း ၊ ဒဂုံစင်တာလို လူစည်ကားတဲ့နေရာမှာ လမ်းဖြတ်ကူးတဲ့သူ တွေကအများကြီးပါ။ အဲဒီလိုနေရာမျိုးမှာ အများပြည်သူတွေ၊ ယာဉ်အန္တရာယ်ကင်းရှင်း စွာ ဖြတ်သန်းသွား လာနိုင်ဖို့အတွက် လူကူးခုံး ကျော်တံတား တည်ဆောက်ပေးမယ် ဆိုရင် ပြည် သူတွေအတွက် အရမ်းကိုအဆင်ပြေ မှာပါ။ တော်ဝင်စင်တာရှေ့နဲ့ စိုက်ပျိုးရေးကားမှတ် တိုင်လို ကျောင်းသား ၊ ကျောင်းသူတွေရော၊ ဈေး ဝယ်ထွက်တဲ့သူတွေရော အသွားများ တဲ့နေရာ တွေမှာလဲ လူကူးခုံးကျော်တံတားတွေ တည် ဆောက်ပေး မယ်ဆိုရင် ယာဉ်ကြောပိတ်ဆို့မှု တွေ လဲ လျော့နည်း သွားပြီး အများပြည်သူတွေ အတွက်လဲ စိတ်အေး ချမ်းသာစွာနဲ့ စည်းကမ်း တကျ ဖြတ်သန်းသွားလာလို့ရမှာပါ''ဟု အင်ဂျင် နီယာ ကိုကျော်မျိုးလွင်ကဆိုပါသည်။

ခုံးကျော်တံတားတွေတည်ဆောက်တဲ့ နေရာမှာလဲ ပြည်သူတွေအများဆုံးအသုံးပြု တဲ့နေရာမျိုးများတွင် တည်ဆောက်ပေး ဖို့လို ကြောင်း ကိုကျော်မျိုးလွင်က ရှုမြင်ပါတယ်။ ''အဓိကတော့ သတိပေးဆိုင်းဘုတ်တွေ များများတပ် ထားဖို့လိုတယ်။ လူကူးခုံးကျော် တံတားတွေအပေါ်မှာ လဲ ပြည်သူတွေသွားလို့ လာလို့ အဆင်ပြေအောင် ဖန်တီးပေးထားဖို့ လိုတယ်။ဆူးလေ ကတံတား ဆိုရင်တက်ဖို့တောင် မကောင်းဘူး။ မနက်စောစောပိုင်းဆိုရင် တံတား ပေါ်မှာ မြင်မကောင်း ရှုမကောင်း တာတွေ ရှိ တော့ တော်ရုံလူတွေက မတက်ချင်ဘူး။ အဲဒီ လိုမျိုးတွေမဖြစ် ဖို့လဲလိုတယ်''ဟု ဆိုပါသည်။ စည်းကမ်းသည် လူ့တန်ဖိုးဖြစ်ပါသည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့များက စည်းကမ်းတကျ ဆောင်ရွက် ကြဖို့လိုသလို ပြည် သူတွေကလည်း သတ်မှတ်ထားသော ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းတွေ ကို လိုက်နာဖို့လိုပါသည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ ကို ပြည်သူတွေလိုက်နာနိုင်ရေး စီမံကိန်းချ မှတ် ဆောင်ရွက် သင့်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။
Democracytoday, KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment