Pages

Monday, July 6, 2015

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆက်လက်ကျင်းပကျောက်စိမ်းအတွဲ ၁၂ဝ ကို ဈေးပြိုင်စနစ်ဖြင့်ရောင်းချ


RangonNewsDaily:: July . 5 .2015
(၅၂)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (၁၁)ရက်မြောက်နေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိပြီး ကျောက်စိမ်းအတွဲအမှတ် ၈၆ဝ၉ မှ အတွဲအမှတ် ၈၇၂၈ အထိ ကျောက်စိမ်းအတွဲ ၁၂ဝ ကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချခဲ့သည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၈၆ဝ၈ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဇွန် ၂၈ မှ ဇူလိုင် ၃ ရက်ထိရောင်းချရာ ကျောက်စိမ်းအတွဲ ၅၇၂၅ တွဲ ရောင်းချခဲ့ရပြီး ရာခိုင်နှုန်းအားဖြင့် ၆၆ ဒသမ ၅၁ ရာခိုင်နှုန်း ရောင်းချခဲ့ရကြောင်း သိရသည်။
::
မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဇူလိုင် ၆ ရက်အထိ ကျင်းပမည်ဖြစ်ရာ ကျန်ရှိသည့် ပြပွဲ နှစ်ရက်တာကာလ၌ ကျောက်စိမ်းအတွဲအမှတ် ၈၇၂၉ မှ အတွဲအမှတ် ၈၉၄၃ အထိ ကျောက်စိမ်းအတွဲ ၂ဝဝ ကျော်ကို ဈေးပြိုင်စနစ်ဖြင့် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

KOLATT(PBDN)

RangonNewsDaily






0 comments:

Post a Comment