Pages

Monday, May 25, 2015

ကမ္ဘာ့ အကြီးဆုံး ဟိုတယ် ဆော်ဒီတွင် တည်ဆောက်မည်


RangonNewsDaily:: May . 25 .2015
ကမ္ဘာ့ အကြီးဆုံး ဖြစ်လာမည့် ဟိုတယ်ကြီးကို ဆော်ဒီ အာရေဗျနိုင်ငံတွင် စတင် တည်ဆောက် တော့မည် ဖြစ်ပြီး အခန်းပေါင်း တစ်သောင်း ပါဝင်မည်ဟု သိရသည်။ 
အဘရက်ဂ်ျကူဒိုင် ဟိုတယ်ဟု နာမည်ပေး ထားပြီး ဒေါ်လာ သန်း (၃၅၀၀) ကုန်ကျခံ တည်ဆောက် သွားမည် ဖြစ်သည်။ ဆော်ဒီသို့နှစ်စဉ် ဟက်ဂ်ျ ဘုရားဖူး ခရီးသည် နှစ်သန်း လာရောက်လျက်ရှိ သော မက္ကာနှင့် နှစ်ကီလိုမီတာသာ ဝေးသောနေရာတွင် တည်ဆောက်မည် ဖြစ်သည်။ ၂၀၁၇ တွင် ဖွင့်လှစ်မည်ဟု သိရသည်။
::
ဟိုတယ်သည် ကြမ်းခင်းဧရိယာ သန်းပေါင်း (၁ ဒသမ ၄) စတုရန်း မီတာရှိ မည်ဖြစ်သည်။ မြို့ငယ် တစ်မြို့စာ လူဦးရေရှိမည် ဖြစ်ပြီး ရှောပင်း စင်တာများ၊ အစည်းအဝေး ခန်းမကြီးများ၊ ခေါင်မိုးပေါ် ရဟတ်ယာဉ်ကွင်းများ၊ စားသောက်ဆိုင် များနှင့် ဘတ်စ်ကားဂိတ်များပါ ပါဝင်မည် ဖြစ်သည်။ 
::
ဟိုတယ် သည် မိုးမျှော်တိုက် (၁၂) လုံးဖြင့် စုစည်း တည်ဆောက်မည် ဖြစ်သည်။ ဆော်ဒီ အစဉ်အလာ သဲကန္တာရ ခံတပ်ပုံစံမျိုးကို နမူနာယူကာ ဟိုတယ် ကို ဒီဇိုင်းထုတ် ထားကြောင်း သိရသည်။ မိုးမျှော်တိုက် (၁၀) လုံးသည် ကြယ်လေးပွင့် အဆင့် ဟိုတယ်များ ဖြစ်မည် ဖြစ်ပြီး ကျန် နှစ်လုံးကား ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်များ ဖြစ်မည်ဟု သိရသည်။ လန်ဒန် အခြေစိုက် Areen လုပ်ငန်းက ဟိုတယ်အတွင်းပိုင်း အပြင်အဆင်များ အတွက် တာဝန်ယူမည်ဟု သိရသည်။
Yahoo News ,Messenger ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment