Pages

Monday, May 25, 2015

ရှမ်းလူမျိုးတစ်သန်းကျော် ထိုင်းနိုင်ငံတွင် ရောက်ရှိနေဟုဆို

RangonNewsDaily:: May . 25 .2015
ရှမ်းပြည်နယ်နှယ့် နယ်နိမိတ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် ရှမ်းလူမျိုးလူဦးရေတစ်သန်းကျော်ရှိသည်ဟု ရှမ်းပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီးဦးစိုင်းအိုက်ပေါင်းကပြောသည်။
စစ်ဘေး၊ ဆင်းရဲနွမ်းပါးမှု၊ ရွှေ့ပြောင်းလုပ်သားအဖြစ် ပြောင်းရွှေ့မှုနှင့် အခြားအကြောင်း ကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိ နေကြခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

‘‘၁၉၉၆-၉၇ ခုနှစ်လောက် က ရှမ်းပြည်နယ်အလယ်ပိုင်းမှာ စစ်ဖြစ်ပွားပြီးတော့ ရွာတွေလည်း မရှိတော့ဘဲ ရွာလုံးကျွတ်ပြောင်း ရွှေ့သွားကြတယ်’’ဟု ဦးစိုင်းအိုက် ပေါင်းကပြောသည်။

ယခုကဲ့သို့ ပြောကြားနိုင်ခြင်း သည့် ထိုင်းနိုင်ငံချင်းမိုင်သို့ရောက် ရှိစဉ်က မျက်မြင်ကိုယ်တွေ့ တွေ့ မြင်ခဲ့ရ၍ဖြစ်ပြီး ပြန်လာလိုသူ များအား အခြေချနေထိုင်နိုင်ရန် နှင့် အမျိုးသားမှတ်ပုံတင်ရရှိရန် လည်း ဒုသမ္မတဦးဉာဏ်ထွန်းနှင့် တွေ့ဆုံစဉ်တင်ပြထားသည်ဟု ဦး၎င်းက ဆက်လက်ပြောကြား သည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေ ကြသည့် ရှမ်းလူမျိုးတစ်သန်း ကျော်ရှိသည့်အနက် ရှမ်းပြည် နယ် အလယ်ပိုင်းမြို့များဖြစ်သည့် လင်းခေးခရိုင်၊ လွိုင်လင်ခရိုင်တို့ တွင် အများဆုံးဖြစ်သည်ဟု ဦးစိုင်း အိုက်ပေါင်းကဆိုသည်။
‘‘ရွာမှာလည်း လုပ်စားစရာ က ဘာမှမည်မည်ရရမရှိဘူး။ ဒီ တော့ အောက်လမ်းကနေပဲ ထိုင်း မှာ အလုပ်သွားလုပ်ဖို့ သားရော၊ သမီးရောပို့ပေးခဲ့တာ’’ဟု လင်း ခေးခရိုင်၊ မိုးနဲမြို့မှ ထိုင်းနိုင်ငံ သို့ အလုပ်သွားရောက်လုပ်ကိုင်နေသူ၏ မိခင်ဒေါ်နန်းဆိုင်က ပြောသည်။

ယင်းကဲ့သို့ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ရှမ်းလူမျိုးများ အနက် လူဦးရေတစ်သောင်းခန့် သာ နေရပ်သို့ ပြန်လာနိုင်ပြီး ၎င်း တို့ဘ၀ ပြန်လည်ထူထောင်နိုင်ရန် လယ်ယာမြေများများစွာလိုအပ် နေသေးသည်ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။
7Day Daily , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment