Pages

Monday, April 27, 2015

မြန်မာနိုင်ငံတွင် Google Street view ဓာတ်ပုံများရိုက်ကူးခဲ့သူ ဂူးဂဲလ်အကြီးတန်း အလုပ်အမှုဆောင် နီပေါငလျင်ကြောင့် ကွယ်လွန်


RangonNewsDaily:: April . 27 .2015
မြန်မာနိုင်ငံသို့ လာ ရောက်ခဲ့ပြီး Google Street View ဓာတ်ပုံများရိုက်ကူးခဲ့သူ Google ကုမ္ပဏီ၏အကြီးတန်းအလုပ်အမှု ဆောင် ဒန်ဖရက်ဒင်ဘာ့ဂ်(၃၃) နှစ်သည် စနေနေ့က နီပေါတွင်ငလျင်လှုပ်ခတ်ခဲ့၍ ဧဝရက် တောင်ထိပ်မှ နှင်းထု ရေခဲထုနှင့် ကျောက်တုံးများ တစ်ဟုန်ထိုး လျှောကျမှုကြောင့် ကွယ်လွန် သွားကြောင်း ကုမ္ပဏီနှင့် မိသားစုက အတည်ပြုထုတ် ပြန်ခဲ့သည်။
ဧပြီ ၂၅ ရက်က လှုပ်ခတ်ခဲ့ သော ပြင်းအား ၇ ဒသမ ၈ မဂ္ဂနီကျူ့ဒ်ရှိ နီပေါ ငလျင်ကြီးလှုပ်ခတ်ချိန်၌ ဒန်ဖရက်ဒင်ဘာဂ့်နှင့် မိတ်ဆွေများသည် ဧဝရက်တောင်သို့တက်ရောက် နေခဲ့ကြချိန်ဖြစ်သည်။ ငလျင်ကြီး၏ နောက်ဆက်တွဲအဖြစ် ဧဝရက်တောင်ခြေစခန်း တစ်လျှောက် သိမ်းကျုံးဖြတ်တိုက်ချခဲ့သောနှင်းထု ရေခဲထုနှင့်ကျောက်တုံးများ တစ်ဟုန်ထိုး လျှောကျမှု ဖြစ်ပေါ်ခဲ့ပြီး ယင်းကြောင့်သေဆုံးရသူ တစ်ဒါဇင်ထက်မနည်းတွင် ဒန်ဖရက်ဒင်ဘာဂ့် ပါဝင်ခဲ့ခြင်းဖြစ် သည်။

ဒန်ဖရက်ဒင်ဘာဂ့် ပါဝင် သော ဂူးဂဲလ်အဖွဲ့သည် ၂၀၁၃ က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြဖူး သည်။ Google Map Street View အတွက် ဓာတ်ပုံရိုက်ကူးခဲ့ကြကာ ၎င်းတို့ရိုက်ကူးခဲ့သော ပုံများ အနက် ရန်ကုန်၊ အင်းလေးကန်၊ မန္တလေး၊ ပုဂံ အစရှိသည့် နာမည် ကျော်နေရာများလည်း ပါဝင် သည်။
::
Google Street View ဆို သည်မှာ ကမ္ဘာပေါ်ရှိ လမ်းပေါင်း များစွာတစ်လျှောက် အနေအ ထားများကို မြင်ကွင်းကျယ်ပုံရိပ် များမြင်နိုင်စေသည့် Google Maps နှင့် Google Earth ရှိ နည်း ပညာတစ်ခုဖြစ်သည်။
ဒန်သည် မြန်မာနိုင်ငံသို့လာ ရောက်စဉ်က BarCamp ရန်ကုန်မြို့တွင်လည်း ဟောပြော ခဲ့သည်။
‘‘BarCamp Yangon 2013 တုန်းက လာခဲ့တယ်။ Google Street View အတွက် ဓာတ်ပုံ တွေ ရိုက်ချင်လို့ဆိုလို့ ရဲအောင်သူ တို့ streetphotographers တွေနဲ့ စီစဉ်ပေးခဲ့တယ်။ BarCamp Yangon 2013 မှာ ဟောပြောပွဲ တက်ပြောသွားတယ်။ မြန်မာ ပြည်အတွက် အားလပ်ချိန်မှာ လုပ်အားပေးလုပ်နေတဲ့ Brian Kemler ဆိုတဲ့ Google engineer တစ်ဦးရဲ့သူငယ်ချင်းလည်းဖြစ်သ လိုမန်နေဂျာလည်းဖြစ်၊သင်ဆရာ မြင်ဆရာလည်း ဖြစ်ခဲ့တယ်’’ဟု ဒန်နှင့် ရင်းနှီးခဲ့သူ ကွန်ပျူတာ ပညာရှင်အသင်းမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
::
ဆက်လက်၍ ၎င်းက ‘‘သူ့ ကို အရမ်း cool ဖြစ်တဲ့လူလို့မှတ်မိ တယ်။ ရုပ်ချောတယ်။ ပျော်ပျော် နေတာ။ ရန်ကုန်မှာ Barcamp တစ်ရက်လောက်နေပြီး နှစ်ရက် အတွင်းမှာ သူရယ်၊ လုပ်ဖော်ကိုင် ဖက် နောက်တစ်ဦး (Google engineer Andrew Swerdlow)ရယ် မန္တလေး၊ အင်းလေး၊ ပုဂံ၊ တောင် ကြီး စတဲ့ လေးနေရာလောက်ကို နှစ်ရက်အတွင်း သွားပြီး ဓာတ်ပုံ တွေ ရိုက်ခဲ့တာ’’ဟု ထပ်မံပြော ကြားသည်။
ဒန်ဖရက်ဒင်ဘာ့ဂ်သည် ရန် ကုန်မြို့တွင်လည်း မြန်မာဓာတ်ပုံ ပညာရှင်များဖြစ်သည့် ကိုရဲ အောင်သူ၊ ကိုဇင်မင်းတို့အပါအ ၀င် ဓာတ်ပုံပညာရှင်များနှင့်အတူ တစ်မြို့လုံးနီးပါး အထင်ကရ လမ်းမကြီးများ၊ စေတီပုထိုးများ၊ နာမည်ကြီးအဆောက်အအုံများ၊ ဟိုတယ်များကို သာမန်ဓာတ်ပုံ များအပြင် ပတ်ချာလည်ပုံ photo phere များ အများအပြားရိုက် ကာ Google Maps ထဲသို့ ထည့်ပေးခဲ့သူဖြစ်သည်။
::
ရှက်ဖီးလ်အခြေစိုက်တောင် တက်နှင့်စွန့်စားခရီးစဉ် ကုမ္ပဏီ တစ်ခုဖြစ်သည့် Jagged Globe ၏မားကက်တင်းဒါရိုက်တာ တွမ် ဘရစ်ဂ်က ဒန်ဖရက်ဒင်ဘာဂ့်သေ ဆုံးကြောင်းသတင်းကို အတည် ပြုခဲ့သည်။ အခြားတောင်တက်သ မားနှစ်ဦးဖြစ်သည့် ဒပ်ဘလင်မှ ပေါလ်ဂရင်းနန်နှင့် ဆစ်ဒနီမှ ရစ် ချက်ဘရွတ်ခ်စ်တို့လည်း နံရိုး၊ လက်နှင့် တင်ပါးဆုံရိုးကျိုးခြင်း အပါအဝင် အသက်အန္တရာယ်မရှိ သောဒဏ်ရာများ ပြင်းထန်စွာရရှိ ခဲ့ကြသည်။
ဒန်ဖရက်ဒင်ဘာဂ့်သည် ဂူးဂဲလ်ကုမ္ပဏီ၏အထူးလျှို့ဝှက် နည်းသစ်စနစ်သစ်ဆန်းသစ်တီ ထွင်သုတေသနစမ်းသပ်ခန်းဖြစ် သော GoogleX ၏ head of privacy ဖြစ်သကဲ့သို့ Google Adventure အဖွဲ့တွင်လည်း ဦး ဆောင်သူတစ်ဦးဖြစ်သည်။
::
အသက်အရွယ်နှင့် မမျှ အသက်ထက်မက ပိုကြီးမားသည့် ကိုယ်ရည်ကိုယ်သွေးရှိသူ၊ သူ့ ကိုယ်သူ တောင်တက်သမားမ ဟုတ်သော စွန့်စားသူတစ်ဦးဟု ခေါ်သူ ဒန်ဖရက်ဒင်ဘာ့ဂ်သည် ဧဝရက်တောင် တောင်ခြေစခန်း သို့ ခြေလျင်တောင်တက်ခရီး ကြမ်းဆိုင်ရာ Google Street View လတ်တလော စီမံကိန်းကို ကူညီအစပျိုးပေးခဲ့သည်။ ထို့ပြင် တောင်ထိပ်သို့ Street View ကင် မရာတစ်လုံး သယ်ဆောင်ရေး အပါအဝင် ဧဝရက်တောင်နှင့် ပတ်သက်၍ ဂူးဂဲလ်စီမံကိန်းအ များအပြားတွင်လည်း ပါဝင်ခဲ့ သည်။
စနေနေ့က နီပေါနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီး ကြောင့် လူပေါင်း ၂,၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ပြီး ထိုငလျင်ကြီး လှုပ်ပြီး ၂၃နာရီအတွင်း ဆက် လက်လှုပ်ခတ်သော နောက် ဆက်တွဲ ငလျင်ပေါင်း ၃၁ ခု ရှိ သွားပြီဖြစ်ကြောင်းသည် ဝေါလ် စထရိဂျာနယ်က သတင်းပေးပို့ခဲ့ သည်။
::
ဧပြီ ၂၅ က လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၈ ရှိ ငလျင် ပြီးနောက် လှုပ်ခတ်သောငလျင် များအား လုံးမှာ ပြင်းအားပမာဏ ၄ နှင့် အထက်များချည်း ဖြစ်ကြ သည်။ ယနေ့ တနင်္ဂနွေနေ့ မွန်း လွဲပိုင်းတွင် လှုပ်ခတ်သွားသည့် ငလျင်မှာ ပြင်းအား ၆ ဒသမ၇ ရှိပြီး မြို့တော်ခတ္တမန္ဒူ၏အရှေ့ ဘက် ၆၅ ကီလိုမီတာရှိအရပ်ကို ဗဟိုပြု လှုပ်ခတ်သွားခြင်းဖြစ် ကြောင်း အမေရိကန် ဘူမိဗေဒ ဆာဗေးအဖွဲ့ကြီးက အစီရင်ခံ ထားသည်။ စနေနေ့ ငလျင်ကြီး လှုပ်ပြီးချိန်မှစ၍ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်လျက်ရှိပြီး သေဆုံးသူအရေ အတွက် ပိုများလာနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထား သည်။
၂၀၁၃ ဘားကမ့်ရန်ကုန်တွင် တက်ရောက်ဆွေးနွေးခဲ့သည့် ဒန်ဖရက်ဒင်ဘာဂ့် (ဓာတ်ပုံ − Andrew Swerdlow)

Ref;The Guardian ::--
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment