Pages

Monday, April 27, 2015

စားသုံးရန်မသင့်သော အစားအသောက်များနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် သတိပေးကြေညာချက်


RangonNewsDaily:: April . 27 .2015
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစား အသောက်များကို အများပြည်သူတို့စားသုံးနိုင်ရန် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာ အောက်ဖော်ပြပါ အမှတ်တံဆိပ်များဖြင့်ထုတ်လုပ်သော အစားအသောက်များ၌ သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများပါဝင်ခြင်းကြောင့် စားသုံးရန်မသင့်သော အစားအသောက်များဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
::
အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင်သုံးစွဲရန် ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံးဝအသုံးမပြုရန် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။
Myanmaalinn ::--
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment