Pages

Monday, April 27, 2015

မင်းလှမြို့နယ် MPT တာဝါတိုင်တွင်တပ်ဆင်ထားသော ဆိုလာပြားများ အခိုးခံရ

RangonNewsDaily:: April . 27 .2015
မကွေးမြို့ ကံသာရပ်ကွက်ရှိ ABC ကုမ္ပဏီရုံးခွဲတာဝန်ခံ ဦးပြည့်ဖြိုးအောင် (၂၅ နှစ်)သည် ဧပြီ ၂၄ ရက် နံနက် ၈ နာရီက ABC ကုမ္ပဏီရုံးခွဲတွင်ရှိနေစဉ် မင်းလှမြို့နယ် စစ္စနို့ကျေးရွာရှိ MPT တာဝါတိုင်အစောင့်လုပ်သား ဦးဖိုးလုံးက ¤င်းသည် အဆိုပါနေ့ နံနက် ၆ နာရီခွဲက အိပ်ရာမှနိုး၍ MPT တာဝါတိုင် အတွင်းတပ်ဆင်ထားသော ဆိုလာပြားများကိုကြည့်ရှုစစ်ဆေးရာ
SOLAR Risesiys အမျိုးအစား၊ မော်ဒယ် နံပါတ်SR-195.72 M 36.7 V5.32A- 195W ခံနိုင်ဝန် 1000 VDC 10A၊ အလေးချိန် 14.8Kg (32.6Lb)၊ အလျား 15280 mm၊ အနံ 808 mm၊ အထူ 35 mm ရှိ SOLAR ပြားသုံးချပ် တန်ဖိုးငွေကျပ် ၁၂ သိန်းခန့်မှာ ပျောက်ဆုံးသွားကြောင်း ဆက်သွယ်အကြောင်း ကြားသိရှိခဲ့ရ၍ အဆိုပါဆိုလာပြားသုံးချပ်အား ခိုးယူသွားသူအား စုံစမ်း ဖော်ထုတ်အရေးယူပေးရန် ဦးပြည့်ဖြိုးအောင်က တရားလိုပြုလုပ်တိုင်တန်း ခဲ့သဖြင့် မင်းလှမြို့နယ် မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

Myanmaalinn ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment