Pages

Saturday, April 25, 2015

တရားမ၀င် မြန်မာအလုပ်သမား ၉၀ ကျော် ထိုင်းတွင် ဖမ်းဆီး

RangonNewsDaily:: April . 25 .2015
ဧပြီလ ၂၄ ရက်က ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပ ရပ်ကွက် အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်ကိုင်နေတဲ့ တရားမ၀င် မြန်မာရွှေ့ပြောင်း ၉၃ ယောက်ကို ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။
တာ့ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ဦးဆောင်ပြီး စစ်တပ်၊ ရဲ၊ လ၀ကနဲ့အုပ်ချုပ်ရေးဌာန ဆိုင်ရာ အရာရှိတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က မယ်ပရပ်ကွက်က ချာရီဝပ်ထနာ အထည်ချုပ် စက်ရုံတွင်းဝင်ရောက် စစ်ဆေးခဲ့တာပါ။
-
ဒီအထဲမှာ တွေ့ရှိတဲ့ ကလေးအလုပ်သမားတွေ အပါအ၀င် အလုပ်သမားတွေဟာ အထောက်အထားမရှိတဲ့ အတွက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
-
ဝင်ရောက်စစ်ဆေးဖမ်းဆီးတာကတော့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်နဲ့အတူ လက်ရှိ အစိုးရရဲ့မူဝါဒ အတိုင်း ဆောင်ရွက်တာ ဖြစ်ပြီး လက်မှတ်မရှိတဲ့ အလုပ်သမားတွေ စေခိုင်းခဲ့ရင်၊ စက်ရုံ ဥပဒေချိုးဖောက် မှုတွေ တွေ့ရင်လဲ စက်ရုံပိတ်တဲ့အထိ အရေးယူဆောင်ရွက်သွားမယ်လို့ တာ့ခရိုင် အုပ်ချုပ်ရေးမှူး က ပြောပါတယ်။
-
၉၃ယောက် ဖမ်းဆီးမိ ရာမှာ ယောက်ျားလေး ၃၅ ယောက် မိန်းကလေး ၅၅ ယောက်ပါဝင်ပြီး အသက် ၁၅နှစ်အောက် ကလေး ၃ယောက်ကို ကလေးသူငယ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ကို လွှဲပြောင်းခဲ့ပါတယ်။


DVB ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment