Pages

Saturday, April 25, 2015

ရိုဟင်ဂျာအရေး မဖြေရှင်းနိုင်ပါက ရခိုင်ပြည်နယ်တည်ငြိမ်မှု ရမည်မဟုတ်ဟု ဘန်ကီမွန်းသတိပေး


RangonNewsDaily:: April . 25 .2015
မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာလူမျိုးဆိုသည့် မွတ်စလင်လူနည်းစုတို့နိုင်ငံသားဖြစ်ခွင့်အရေးကို ကိုင်တွယ်မဖြေရှင်းပေးနိုင်ပါက ရခိုင်ပြည်နယ် တည်ငြိမ်ရေး ကိုရရှိနိုင်မည် မဟုတ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးလိုက်သည်။
"ရိုဟင်ဂျာလို့ အများက သိထားသော၊ ကိုယ်တိုင်လည်း ခံယူထားကြတဲ့ မွတ်စလင်တွေ ကိုနိုင်ငံသားဖြစ် ခွင့်ပေးရေးပြဿနာကို အများ သဘောတူမှုနဲ့ မဖြေ ရှင်းနိုင်သရွှေ့ ရခိုင်မှာ ရေရှည်တည်ငြိမ်မှုရရှိမှာ မဟုတ်ပါဘူး" ဟု နယူးယောက်တွင် မြန်မာနိုင်ငံမိတ်ဖက်အုပ်စု ဟုခေါ်သည့်နိုင်ငံ များအုပ်စုနှင့် စည်းဝေးစဉ် ဘန်ကီမွန်း ကပြော ခဲ့ခြင်းဖြစ်သည်။
-
မြန်မာနိုင်ငံမိတ်ဖက်အုပ်စု သည်မြန်မာနိုင်ငံ၏ မိတ်ဆွေ အုပ်စုနိုင်ငံများ အဖွဲ့ဖြစ် သည်။ဒေသတွင်း နိုင်ငံနှင့် အဖွဲ့အစည်း ၁၀ခုကျော်ပါဝင် ပြီးမြန်မာနှင့် ကုလ သမဂ္ဂကြား မိတ်ဖက်ပြုမှုကို ပိုမိုကျယ်ပြန့်စေခဲ့သည်။
-
"မြန်မာခေါင်းဆောင်များအနေနဲ့ အမုန်းတရားလှုံ့ဆော်မှုတွေကို ဆန့်ကျင်ပြီး သမူဟဖြစ်တဲ့ လူမှုပေါင်းစည်းမှုကို မြှင့်တင်ပေးရမှာဖြစ်ပါတယ်" ဟု ဘန်ကီမွန်း ကပြောသည်။
-
မြန်မာတာဝန်ရှိသူများက ဘင်္ဂလီများအဖြစ်ပြောဆိုသည့် ရိုဟင်ဂျာတိုင်းရင်းသားဆိုသူ ၁ ဒသမ ၃ သန်းရှိနေကြောင်းပြောထားပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ ရှ်နိုင်ငံမှ ခိုးဝင်လာ သူများအဖြစ်ပြော ဆိုမှုများလည်း ရှိထားသည်။
-
Photo : ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး ခေါင်းဆောင်းများ ဆွေးနွေးပွဲတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအား နိုဝင်ဘာလ ၁၂ ရက်နေ့ က တွေ့ရစဉ်။


Ref: PRESS TV , Mizzima (ဓာတ်ပုံ - ဝင်းကိုကိုလတ်၊ မဇ္ဈိမ) 
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment