Pages

Tuesday, April 28, 2015

မေလမွေးနေ့ရှင်ပိုပိုရဲ့ အလွမ်းသီချင်းကြိုက် တဲ့ရေဒီယို တေးစီးရီး


RangonNewsDaily:: April . 28 .2015
တေးသံရှင် ပိုပိုရဲ့ ဒုတိယတစ် ကိုယ်တော်အခွေ 'အလွမ်းသီချင်း ကြိုက်တဲ့ ရေဒီယို' ဟာ မေလ ၁၇ ရက်နေ့မှာ ထွက်ရှိမှာပါ။ 'အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို' Audio CD အပြင် MTV ၃ပုဒ်ပါ အပို လက်ဆောင်ထည့်ပေး ထားကြောင်းဆိုတဲ့ ပိုပိုက ဒုတိယ အခွေကို ပထမအခွေထက် ပိုမိုကောင်းမွန်အောင် ကြိုးစား ထားကြောင်းဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီး "အသံပိုင်း ဆိုင်ရာတွေ ကတော့ တအားကောင်းလာတယ်။ Music Arrangement တွေကအစပေါ့။ သေချာတာကတော့ ပရိသတ် နားထောင်လိုက်ရင် ရှေ့ကအခွေထက် ကွာခြား တာသိမှာပါ။ အခု အခွေကျတော့ သေသေချာချာ၊ အေး အေးဆေးဆေးလုပ်ထားတာ ဖြစ်တဲ့အတွက် ကောင်း မယ်လို့ ပိုပိုယုံကြည်တယ်။ 

အခွေအစအဆုံး တစ်ခု မှ မလွတ်အောင်၊ ဟာကွက် မရှိအောင်တော့ ပိုပိုကြိုးစားထားတယ်" လို့
ပိုပို့ဆီက သိရပါ တယ်။အလှူအတန်းလုပ်ရတာဝါသ နာပါတဲ့ ပိုပိုက မေလ ၁၆ရက်နေ့ ရက်နေ့မှာ ကျ ရောက်တော့မယ့် သူ့ရဲ့မွေးနေ့မှာလည်း အ လှူအတန်းတွေများစွာလုပ်ဖို့ စီစဉ်ထား ကြောင်း သိရပါတယ်။ "အဓိကကတော့ မွေးနေ့မှာ ပိုပိုအလှူအတန်းလေးတွေလုပ် ဖြစ်မယ်။ ဇီဝိတဒါနမှာလှူမယ်။ မိဘမဲ့ ကလေးတွေကိုလှူမယ်။ အဘိုး အဘွား တွေကို လှူမယ်။ ဘုရားမှာလှူမယ်။ အများကြီးတော့ မဟုတ်ပေမယ့် ၅နေ ရာလောက်ကိုတော့ လှူဖို့စီစဉ်ထား တယ်။ ဒီကြားထဲမှာလည်း အလှူတွေက တော့ လုပ်ဖြစ်ပါတယ်။ 

မွေးနေ့အစီအစဉ် အနေနဲ့ ပိုပိုရဲ့ အခွေကို ပရိသတ်က အားပေးပြီးဝယ်စေချင် သလိုBirthday ပြီးလို့ ဖေဖော်ဝါရီ ၁၇ကျလို့ရှိရင် ပရိသတ်တွေ အတွက်ထူးထူးခြားခြား လက် ဆောင်ပြန်ပေးဖို့ အစီအစဉ်လုပ်ထား တယ်" လို့ ပိုပိုက ပြောပါတယ်။
Popular Journal , 
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment