Pages

Tuesday, April 28, 2015

အာဆင်နယ်ပရီမီယာလိဂ်ဖလားလက်မဲ့ ၁၁ နှစ်ကြာဖြတ်သန်းရခြင်းမှာ အလွန်ပျင်းရိဖွယ်ကောင်းကြောင်း မော်ရင်ဟိုလှောင်ပြောင်


RangonNewsDaily:: April . 28 .2015
ချယ်လ်ဆီးအနေဖြင့်ပရီမီယာလိဂ် ဖလားဆွတ်ခူးရန်ငါးမှတ်သာ လိုအပ် တော့သည့် အနေအထားတစ်ရပ်တွင် အာဆင်နယ်အသင်းက ပရီမီယာလိဂ် ဖလားမရရှိရန်သေချာသလောက်ရှိ နေရာ မော်ရင်ဟိုက အာဆင်နယ်၏ပရီမီယာလိဂ်ဖလားလက်မဲ့ ၁၁ နှစ် ကြာ ဖြတ်သန်းရခြင်းမှာ အလွန်ငြီး ငွေ့ဖွယ်ကောင်းသည့်ကာလများပင် ဖြစ်လိမ့်မည်ဟု လှောင်ပြောင်ခဲ့သည်။ဧပြီ ၂၅ ရက်တွင် အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြရာ ဂိုးမရှိ သရေရလဒ်ဖြင့်သာ အဆုံးသတ်ခဲ့သည်။ အာဆင်နယ် သည်ပရီမီယာလိဂ်ဖလားကို၂ဝဝ၄ ခုနှစ်က နောက်ဆုံးဆွတ်ခူးထားခဲ့ခြင်း ဖြစ်သည်။
မော်ရင်ဟိုက'' ၁၁ နှစ်တာ ဖလား လက်မဲ့ဆိုတာက အလွန်ငြီးငွေ့ဖွယ် ကောင်းပါတယ်။ ခင်ဗျားကတော့ အသင်းကိုထောက်ခံပြီး ဖလားရဖို့ စောင့်တယ်။ ဒီလိုနဲ့နှစ်တွေကြာလာ တယ်။ပရီမီယာလိဂ်ဖလားက ရမလာ ဘူး။

ဒါဟာ တော်တော်ကိုငြီးငွေ့ဖို့ ကောင်းပါတယ်။ အိမ်ကွင်းမှာ ပရိသတ်တွေက အနိုင်လိုချင်မှာပဲ လေ။ရှေ့တန်းမှာ ဝဲလ်ဘတ်နဲ့ ဂီရော့ဒ် တို့လည်း ရှိနေတယ်။ ဒါပေမယ့် ဂိုးတော့ တစ်ဂိုးမှမသွင်းနိုင်ဘူး။ချယ်လ်ဆီးကတော့ ကော်စတာနဲ့ ရီမီနှစ်ဦးစလုံး မကစားနိုင်ခဲ့ဘဲ ရှေ့တန်းအတွက်တိုက်စစ်သမား စစ်စစ်တစ်ယောက်တည်းပဲ ရွေးချယ် စရာရှိခဲ့တယ်။ငြီးငွေ့စရာကောင်းတဲ့ အသင်းဟာ ဂိုးတွေတော့ သွင်းနိုင် တယ်။ ဒါပေမယ့် ဖလားမရဘူး။ အကောင်ဆုံးအသင်းကတော့ ဒီလို အခြေအနေနဲ့ မတူတဲ့အခြေအနေ တစ်ရပ်ကို ပိုင်ဆိုင်ထားတဲ့အသင်း ဖြစ်တယ်''ဟု ပွဲအပြီးသတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်းပွဲစဉ်တွင် မော်ရင်ဟိုသည် အော်စကာအား တိုက်စစ်မှူးနေရာ၌ ကစားစေခဲ့ပြီး အော်စကာဦးခေါင်း ဒဏ်ရာရရှိခဲ့ရပြီးနောက် နည်းဗျူဟာ သစ်တစ်ရပ်ဖြင့် အာဆင်နယ်ကို ရင်ဆိုင်ခဲ့သည်။ အာဆင်နယ် အနေဖြင့် ပိုမိုကောင်းမွန်စွာကစား နိုင်ခဲ့သော်လည်း အနိုင်ရလဒ်ဖန်တီး နိုင်မှုမရှိခဲ့ခြင်းအတွက် မချင့်မရဲ ဖြစ်မိသည်ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဆိုခဲ့သည်။ 

လက်ရှိ တွင်ပရီမီယာလိဂ်သွင်းဂိုးအများဆုံးအသင်းမှာသွင်းဂိုး ၇ဝ အထိသွင်းယူ ထားသော မန်စီးတီးဖြစ်ကာ ချယ်လ် ဆီးကသွင်းဂိုး ၆၅ ဂိုးနှင့် အာဆင်နယ် က ၆၃ ဂိုးသွင်းယူထားသည်။
The Mirror Daily, 
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment