Pages

Tuesday, April 28, 2015

အဲဗာတန် နှင့်ပွဲမှာ ရွန်းနီ ဒူးခေါင်းဒဏ်ရာရရှိ


RangonNewsDaily:: April . 28 .2015
မန်ချက်စတာယူနိုက်တက်အသင်း က အဲဗာတန် ကို ရှုံးနိမ့်ခဲ့သောပွဲတွင် မန်ယူ အသင်းခေါင်းဆောင် ဝိန်းရွန်းနီ သည် ဒူးခေါင်း ဒဏ်ရာရှိခဲ့ပါတယ်။
ယင်း ဒဏ်ရာကြောင့် အင်္ဂလန်ကစားသမားသည် ဗန်ပါစီ ဖြင့်လူစားလဲခဲ့ရပြီး အရန်ခုံတန်းလျားပေါ်တွင် ကုသမှုခံယူခဲ့ရပါတယ်။

ရွန်းနီ ဒဏ်ရာ ရရှိခဲ့ကြောင်း မန်ယူနည်းပြလူးဝစ် ဗန်ဂါးလ် က အတည်ပြုပြောကြားခဲ့ပြီး ဘယ်လောက်ကြာကြာအနားယူရမယ်ဆိုတာ ပြောဖို့စောသေးကြောင်း ပြောကြားခဲ့ပါတယ်။

"""ဒဏ်ရာ က ဘယ်လောက်ပြင်းထန်တယ်ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ဖို့လိုပါတယ်""" လို့ မန်ယူမန်နေဂျာ က ပြောကြားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းသည် နည်းပြ လူးဝစ်ဗန်ဂါး စတင်ကိုင်တွယ်ပြီး နောက် ပထမဆုံးအကြိမ် နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပါတယ်။


ယခု ဝိန်းရွန်းနီ ရဲ့ ဒူးခေါင်း ဒဏ်ရာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရရှိရေး ကြိုးပမ်းမှု ကို အဟန့်အတား ဖြစ်စေမည်ဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက် အသင်း ရဲ့ လက်ကျန်ပွဲစဉ်များမှာ—
မေ ၂ ဝက်စ်ဘရွန်း (အိမ်ကွင်း)
မေ ၉ ခရစ္စတယ်လ်ပဲလေ့စ် (အဝေး)
မေ ၁၆ အာဆင်နယ် (အိမ်ကွင်း)
မေ ၂၄ ဟားလ်စီးတီး (အဝေးကွင်း) တို့ဖြစ်ပါတယ်။

KOLATT(PBDN)

RangonNewsDaily





0 comments:

Post a Comment