Pages

Tuesday, April 28, 2015

တညင်းကုန်းဈေးအနီး တည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ လက်ကားဈေးစီမံကိန်းဧရိယာတွင် နေထိုင်သည့် ကျူးကျော်နေအိမ်များကို အမြန်ဆုံးဖယ်ရှားပေးရန် သတိပေးအကြောင်းကြားစာများ ပေးပို့ထားပြီးဟုဆို

RangonNewsDaily:: April . 28 .2015
အင်းစိန်မြို့ နယ် တညင်းကုန်းဈေးအနီး နိုင်ငံတ ကာအဆင့်မီ တ့သူနျေူနာမေုနအ ဆောက်လုပ်ရန် စီမံကိန်းစတင်နေပြီ ဖြစ်သည့်အတွက် စီမံကိန်းဧရိယာ အတွင်းရှိ ကျူးကျော်နေအိမ်များအား အမြန်ဆုံးဖယ်ရှားပေးရန် အင်းစိန် မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေး မှူးက သတိပေးအကြောင်းကြားစာများ ပေးပို့ထားကြောင်း ရန်ကုန်တိုင်းဒေသ ကြီး မြောက်ပိုင်းခရိုင် စည်ပင်သာယာ ဈေးများဌာနမှ သိရသည်။
''တညင်းကုန်းဈေးအနီးမှာ ဆောက်လုပ်မှာပါ။ အဲ့ဒီနားမှာကျူး ကျော်တဲတွေ အများကြီးရှိတဲ့အ တွက် သူတို့ကိုအမြန်ဆုံးရွှေ့ဖို့ အ ကြောင်းကြားစာပို့ထားပြီးပါပြီ။ ၃လ ပိုင်း ၁၅ရက်က ပထမအကြိမ်၊ ၄လပိုင်း ၁ဝရက်က ဒုတိယအကြိမ်၊ နောက် ဆုံး ၄လပိုင်း ၂၃ရက်ကလဲ ထပ်ပြီး ပို့ထားပါတယ်''ဟု မြောက်ပိုင်းခရိုင် စည်ပင်သာယာဈေးများရုံးမှ ဌာနခွဲ မှူး ဦးဇင်မင်းညွန့်က ပြောသည်။

ယင်းဈေးသစ်ကြီး ဆောက် လုပ်မည့် ဧရိယာအတွင်း ကျူးကျော် နေထိုင်သူ အိမ်အလုံးရေ ၁၅ဝ ခန့် ရှိပြီး နေထိုင်လျက်ရှိသည့်ပြည်သူ များမှာ နေ့စားလုပ်သားများအများ ဆုံးနေထိုင်လျက်ရှိသည်။
::
''ကျွန်တော်တို့ ဒီမှာနေတာသုံး နှစ်လောက်ရှိပါပြီ။ ကျွန်တော်တို့ က ဒီမှာနေဖို့မြေငှားတဲ့လူကို တစ် လ ကျပ်၇ဝဝဝ ပေးရပါတယ်။ တဲ အိမ်က ကိုယ့်ဘာသာဆောက်ရတာ ပါ။ သတိပေးအကြောင်းကြားစာ ပထမအကြိမ်ပို့တုန်းက သေချာမသိ လို့ လက်မှတ်ထိုးလိုက်ပေမယ့် ဒုတိယနဲ့ တတိယအကြိမ်တွေမှာ တော့ မထိုးလိုက်ပါဘူး။ နေထိုင်တဲ့ သူတွေကတော့ သမ္မတကြီးဆီကို အသနားခံစာ တင်ထားပါတယ်။ ဖြစ် နိုင်မယ်ဆိုရင် အခုလိုမျိုး ဈေးသက် သက်သာသာနဲ့ မြေနေရာလေးတစ် ခုငှားရမ်းပေးစေချင်ပါတယ်''ဟု သတိ ပေးအကြောင်းကြားစာ လက်ခံရရှိခဲ့ သည့် ယင်းနေရာတွင် နေထိုင်သူ ကိုထွန်းထွန်းဇော်ကပြောသည်။
ယင်းကျူးကျော် နေအိမ်များကို ယခင် တညင်းကုန်းဈေး တာဝန်ခံဟောင်း ဦးခင်မောင်က ထိုနေရာတွင်နေထိုင် ရန် ငှားရမ်းခဲ့ကြောင်း၊ ယခုအခါ ယင်း နေရာတွင် စီမံကိန်းတည်ဆောက်ရန် အတွက် ဆက်လက်မငှားရမ်းတော့ ကြောင်း သက်ဆိုင်ရာသို့ အသိပေး အကြောင်းကြားထားကြောင်း သိရသည်။
::
''အရင်တုန်းကတော့ ကျွန် တော်က ဒီဈေးရဲ့ တာဝန်ခံအဖြစ် လုပ်ခဲ့ပါတယ်။ စီးပွားရေးအဆင်မ ပြေလို့ လွန်ခဲ့တဲ့ ဆယ်နှစ်နီးပါး လောက်က ဈေးတာဝန်ခံကနေ ထွက်ခဲ့ပါတယ်။ အဲဒီတုန်းက စီး ပွားရေးအဆင်မပြေတဲ့အတွက် ကျွန် တော့်ကို ဒီနေရာမှာ ကျွဲခေါင်းသီးတွေ စိုက်ဆိုပြီးတာဝန်ရှိသူတချို့က လုပ် ကိုင်ခွင့်ပေးခဲ့တာပါ။ အဲဒီတုန်းက တာဝန်ရှိသူတွေကလဲ စီမံကိန်းတစ် ခုခုလာရင်တော့ ဖယ်ပေးရမယ်ဆို ပြီး ပြောခဲ့တဲ့အတွက် ကျွန်တော် ကလဲ လက်ရှိနေထိုင်သူအားလုံးကို ယာယီသာ ငှားရမ်းခဲ့တာဖြစ်ပါတယ်။ အရင်တုန်းက ဒီလောက်မရှိခဲ့ပေ မယ့် နောက်ပိုင်းယခုလို များလာတာ ဖြစ်ပါတယ်။ သူတို့ဆီက ငှားရမ်းခ မယူခဲ့တာ အခုဆို တစ်နှစ်နီးပါးရှိပါ ပြီ''ဟု ယခင် ငှားရမ်းနေထိုင်ခွင့်ပြုခဲ့ သူ ဦးခင်မောင်က ပြောသည်။
ယင်းနေရာတွင် နေထိုင်သူအ များစုမှာ ဒလ၊ သာယာဝတီ၊ သုံး ဆယ်မြို့နှင့် အခြားမြို့များမှပါဝင် ပြီး အချို့မှာ အင်းစိန်မြို့နယ်တွင်းမှ ပြောင်းရွှေ့လာကြသူများဖြစ်သည်။
::
''သာယာဝတီကနေ လယ်တွေ ရှုံး၊ စီးပွားရေးအဆင်မပြေလို့ ရန်ကုန် ပြောင်းလာတာပါ။ ဒီနေရာ ရောက် နေတာ လေးနှစ်ရှိပါပြီ။ စငှားကတည်း က ကျပ် ၇ဝဝဝပေးရပြီး အရက် သောက်ခွင့်မရှိ၊ ငါးရှာခွင့်မရှိဘူးလို့ ဦးခင်မောင်က ပြောထားပါတယ်။ လက်ရှိအလုပ်အကိုင် ဈေးရောင်းပါ တယ်။ ကျွန်တော်တို့မှာ တကယ်နေ စရာမရှိလို့ပါ။ အိမ်ငှားခတွေလဲ မ တတ်နိုင်လို့ ဒီမှာနေရတာပါ။ ဒီလို မျိုးဈေးသက်သာပြီး ပြောင်းရရွှေ့ရ လဲ မလုပ်ရတဲ့နေရာမျိုးလေး အစား လိုချင်ပါတယ်''ဟု သတိပေးအ ကြောင်းကြားစာ လက်ခံရရှိခဲ့သည့် ယင်းနေရာတွင်နေထိုင်သူ ကိုထွန်း နိုင်ဝင်းက ပြောသည်။
ယင်းနေရာတွင် နေထိုင်သော မိသားစု အချို့မှ ကလေးများသည် အင်းစိန်မြို့နယ်အတွင်းမှ ကျောင်း များတွင် တက်ရောက်ကြပြီး စတုတ္ထ တန်းနှင့် အဋ္ဌမတန်း ပြန်လည်ကုစား ဖြေဆိုရမည့် ကလေးများလည်းရှိ သဖြင့် ပြောင်းရွှေ့ရန် အခက်အခဲများ နှင့် ကြုံတွေ့နေရကြောင်း နေထိုင်သူ များထံမှ သိရသည်။
::
''နောက်လ စာမေးပွဲပြန်ဖြေရ မယ့် ကလေးတွေရှိတယ်။ မေလ ၉ ရက်နေ့ နောက်ဆုံးထားပြောင်းဖို့ဆို တာလဲ ဘယ်လိုမှမဖြစ်နိုင်လို့ပါ။ အခု ကျူးကျော်အဖြစ် နေရတယ်။ ဒီနေ ရာက အတင်းပြောင်းရွှေ့ခိုင်းလို့ ပြောင်းပေးရရင် တခြားနေရာမှာ ကျူး ကျော် ထပ်ဖြစ်ကြဦးမှာ စိုးပါတယ်။ ကျွန်မတို့ကို နေရာအစားလေးပြန်ပေး ပြီး ပြောင်းရွှေ့ဖို့ နစ်နာကြေးလေးပါ ကူညီစေချင်ပါတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားဖြစ်တဲ့အတွက် ပြောင်းဖို့ ကားခလဲ မတတ်နိုင်လို့ပါ''ဟု မစန်း စန်းထွေးက ပြောကြားသည်။
ဒီမိုကရေစီတူဒေး ::--
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment