Pages

Wednesday, April 1, 2015

မန္တလေးမဟာသင်္ကြန်ပွဲတော်ကာလအတွင်းအသုံးပြုရမည့်လမ်းကြောင်းသတ်မှတ်ချက် ထုတ်ပြန်

RangonNewsDaily:: April . 1 .2015
မန္တလေးမဟာသင်္ကြန်ပွဲတော်ကာလအတွင်းအသုံးပြုရမည့်လမ်းကြောင်းသတ်မှတ်ချက်ကိုယခင်နှစ်များက အတိုင်းသတ်မှတ်ထားသည်ဟုစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှထုတ်ပြန်
ထားသည်။
မဟာသင်္ကြန်ပွဲတော်ကာလဖြစ်သည့်ဧပြီလ၁၃ရက်နေ့ မှစတင်ပြီး၁၆ရက်နေ
့အတွင်းယာဉ်ကြောပိတ်ဆို့ မှုမရှိစေရန်အတွက်နန်းကျုံးမြို့ရိုးပတ်လည်လမ်းများကိုတစ်
လမ်းမောင်းစနစ်ဖြင့်သွားလာရန်သတ်မှတ်လိုက်ကြောင်းသိရသည်။

နန်းမြို့ ရိုးကျုံးအရှေ့ ဘက်၆၆လမ်းကိုတောင်မှမြောက်သို
့မောင်းနှင်ရမည်ဖြစ်ကြောင်း၊ကျုံးအနောက်ဘက်လမ်း၈၀ကိုမြောက်ဘက်မှတောင်ဘက်သို
့လည်းကောင်း၊ကျုံးတောင်ဘက်၂၆လမ်းကိုအနောက်ဘက်မှအရှေ့ ဘက်သို
့လည်းကောင်း၊ကျုံးမြောက်ဘက်၁၂လမ်းကိုအရှေ့ ဘက်မှအနောက်သို
့မောင်းနှင်ရမည်ဟုဖော်ပြပါရှိသည်။
::
“အရင်နှစ်ကလိုပဲသွားလာရမှာပါ။လမ်းကြောကိုတစ်လမ်းမောင်းသတ်မှတ်တာကြောင့်အရင်နှစ်ကတော့လမ်းရှင်းသွားတယ်။”လို့ယာဉ်ထိန်း
တပ်ကြပ်တစ်ဦးကပြောသည်။
ယင်းတစ်လမ်းမောင်းစနစ်ကို သင်္ကြန်အကြိုနေ့  (၁၃.၄.၁၅) မွန်းတည့်ချိန်
၁၂နာရီမှ စတင်ပြီး သင်္ကြန်အတက်နေ့ (၁၆.၄.၁၅) ည ၁၂နာရီအချိန်ထိ
သုံးစွဲသွားရမည်ဖြစ်ကြောင်း သိရသည်။
::
“နှစ်တိုင်းဒီလမ်းကြောင်းနဲ့ ပဲသွားရတာလေးနှစ်လောက်ရှိပြီ။ ဒါပေမယ့်
နာမည်ကြီးမဏ္ဍာပ်နားရောက်ရင်တော့ ကားကြပ်သွားတယ်။ အရမ်းအကြာကြီးရပ်တဲ
့ကားတွေကိုတော့ သေချာရှင်းပေးစေချင်တယ်”လို့ မန္တလေးမြို့ ခံ ကိုဝေယံက
ဆိုသည်။

KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment