Pages

Wednesday, April 1, 2015

ဖားကန့်တွင် စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ငါးဦးသေ၊ ၃၀ ပျောက်ဆုံးနေ

RangonNewsDaily:: April . 1 .2015
ဖားကန့်တွင် ယနေနံ နက်အစောပိုင်းက စွန့်ပစ်မြေစာ ပုံပြိုကျကာ ရေမဆေးကျောက်ရှာ ဖွေသူ ၃၀ဦးခန့်ပျောက်ဆုံးနေပြီး လက်ရှိအချိန်အထိ အလောင်းငါး လောင်းသာတွေ့ရှိထားကြောင်း ဖားကန့်မြို့မရဲစခန်းမှသတင်းရရှိသည်။
မတ် လ၃၀ရက် နံနက် ၄နာရီခန့် က ဖားကန့်မြို့နယ်ကံခွာကျေးရွာအနီး အလျားပေ၈၀၀ခန့်အမြင့်ရှိ စွန့်ပစ်မြေစာပုံပြိုကျခဲ့ခြင်း ဖြစ်ကြောင်း ဖားကန့်မြို့မရဲစခန်း မှ စခန်းမှူးကပြောသည်။
‘‘အခုထိတော့ စာရင်းအတည်ပြုလို့ရတာ နှစ်ယောက်ဒဏ် ရာရတယ်။ ပျောက်နေတာ ၃၀ လောက်ရှိတယ်’’ဟု၎င်းကပြောသည်။


ဒေသခံများ၏ အဆိုအရ မြေစာပုံအောက် နစ်မြုပ်သွားသူ အရေအတွက်မှာ အယောက် ၅၀ အထိ ရှိနိုင်ကြောင်း ပြောကြား သည်။
::
အဆိုပါစွန့်ပစ်မြေစာပုံမှာ ရာဇဌာနနှင့် ထွန်းတောက်ဇမ္ဗူ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ နှစ်ခုမှ စုပေါင်းစွန့်ပစ်ထားသည့် မြေစာပုံဖြစ်ပြီး မြေစာပုံဧရိယာမှာ အလျားပေ၈၀၀နှင့် အနံပေ ၃၀၀ ရှိကြောင်းအဆိုပါမြေစာပုံပြိုကျ ရာသို့ ရောက်ရှိနေသည့် ဖားကန့် မြို့မရဲအရာရှိတစ်ဦးကပြော သည်။ဖားကန့်တွင် မတ်လ ၆ ရက်က ပေသုံးရာခန့်မြင့်သည့် စွန့်ပစ်မြေစာပုံ ပြိုကျသဖြင့် ရေမဆေးကျောက်ရှာဖွေသူ ရှစ် ဦးပျောက်ဆုံးခဲ့သည်။ ရာဇဌာနီနှင့် အောင်ဟိန်းမင်းကုမ္ပဏီ များက စွန့်ပစ်ထားသော မြေစာပုံများ ဖြစ်သည်။
::
ထို့အပြင် ဖားကန့်ဒေသတွင် ဇန်န၀ါရီ ၆ ရက်ကလည်း မှော် မောင်းကုန်းရှိ မြေစာပုံပြိုကျခဲ့ပြီး လူလေးဦး သေဆုံးခဲ့သည်။ ထို့ကြောင့် သုံးလအတွင်း စွန့်ပစ်မြေ စာပုံသုံးကြိမ်ပြိုကျကာ အနည်းဆုံး ၁၇ ဦးသေဆုံးခဲ့သည်။

7Day ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment