Pages

Wednesday, April 1, 2015

ထိုင်းနိုင်ငံမှ ရုပ်ရှင်ထုတ်လုပ်ရေးတွေရဲ့ ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းခြင်းကိုခံခဲ့ရတဲ့ ပြေတီဦး


RangonNewsDaily:: April . 1 .2015
ပြေတီဦးက ထိုင်းနိုင်ငံနဲ့ ပူးပေါင်း ရိုက်ကူးတဲ့ TT & Donut ရုပ်ရှင်ဇာတ် ကားကြီးကို ဘန်ကောက်မှာ အောင်မြင်စွာ ရိုက်ကူးခဲ့ပြီး မတ်လ ၂၄ ရက်နေ့က မြန်မာ နိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
ဘန် ကောက်မှာ ရိုက်ကူးခဲ့ကြတဲ့ TT & Donut ရုပ်ရှင်ဇာတ်ကားရိုက်ကွင်းအတွေ့အ ကြုံ များနဲ့ ပတ်သက်ပြီး ပြေတီဦးက "သူတို့ က မနက် ၄နာရီခွဲလောက်ဆို ရှုတင်သွားဖို့ လာကြိုပြီ။ မနက် ၅နာ ရီခွဲဆို ရှုတင်ရောက် ပြီ။ မနက်စာ အရင်စားပြီးတာနဲ့ အဝတ် အစားတွေ ဆံပင်တွေ စီစဉ်ပေးတယ်။ မနက် ၆ နာရီခွဲဆို အဆင်သင့်ဖြစ်ပြီး စရိုက်တယ်။

 များသောအားဖြင့် ည ၁၂ နာရီထိ ရိုက်တာများတယ်။ တချို့ ရက် တွေမှာ ၁၂နာရီကျော်သွားတာ ရှိတယ်။ တချို့ရက်တွေမှာ ည ၈နာရီ၊ ၉နာရီမှာ ပြီး တာလည်း ရှိတယ်။ အဲဒီလိုရိုက်ပြီးရင် နောက်ရက်မှာ နားရက်ပေးတယ်။ အနား ယူပြီး နောက်
ရက်ကျမှ ပြန်ရိုက်ကြတယ်။ 

သူတို့ရိုက်ကူးတဲ့ပုံစံနဲ့ နည်းစနစ်ပေါ့" လို့ပြောပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ အင်္ဂလိပ်ဘာသာစကားနဲ့ပဲပြောပြီး 
သရုပ် ဆောင်ရတာကြောင့်ပီပြင်မှုရှိအောင် သရုပ် ဆောင်ခဲ့ပြီး အခက်အခဲတွေ များစွာ ရှိခဲ့ကြောင်းကိုလည်း "အဓိက က စကား ပြောခန်း အင်္ဂလိပ်လိုပဲ ပြောကြတယ်။ သူ တို့ယိုးဒယားအချင်းချင်းကတော့ ယိုးဒယား လိုပဲ ပြောကြတယ်။ အင်္ဂလိပ်လို ပြောတဲ့အ ခါအခက်အခဲတွေ အများကြီးရှိတယ်။ မြန်မာစကားကျတော့အဆင်ပြေသလို လှည့် ပတ်ပြောလို့ ရသေးတယ်။ အင်္ဂလိပ်လို ကျ တော့detail ပြောရတယ်။ အသံထွက် လည်းတအားဆိုးဆိုးရွားရွားကြီး မဖြစ်
 အောင် သတိပြုရတယ်။ 




အင်္ဂလိပ် လိုပြော ရင်းနဲ့မှ တကယ့်မု(ဒ်)တွေနဲ့ တွဲပြီးသရုပ် ဆောင်တော့ ပိုခက်သွားတယ်။ ကိုယ့်ရဲ့ဒိုင် ယာလော့ခ်လာပြီဆိုရင်လည်း ဘယ်နေရာ မှာ ဘယ်လို အိုက်တင်လုပ်ရမယ် ဆိုတာက အစ သေသေချာချာမှတ်ပြီးတော့မှ သရုပ် ဆောင်ရတာဆိုတော့ ပင်ပန်းတာတော့ နှစ်ဆ၊ သုံးဆကို ပင်ပန်းပါတယ်" လို့ ပြောပါ တယ်။

 ပြေတီဦးက ထိုင်းအနုပညာ ရှင်တွေနဲ့ အတူ ပူးပေါင်းရိုက်ကူးတာဖြစ်တာကြောင့် မြန်မာနိုင်ငံက အနုပညာရှင်တွေရဲ့အရည် အ ချင်းကို အထင်မသေး ရအောင် အကောင်းဆုံး ကြိုးစားခဲ့ တဲ့အတွက်ဒီကြိုးစား မှုရလဒ်အနေနဲ့ ထိုင်း ပရိုဂျူဆာတွေရဲ့ ဇာတ်ကားရိုက်ဖို့ ကမ်း လှမ်းမှုတွေလည်း ရှိလာခဲ့ ကြောင်း သိရပါတယ်။
"ကျွန်တော်တို့ ဘက်ကအချိန်ကို ဘယ် လောက်ထိလေးစား လိုက်နာတယ်ဆိုတဲ့ အကြောင်းကိုလည်း

 ဒီဇာတ်ကားရိုက်တဲ့ တောက်လျှောက်မှာ ပြနိုင်ခဲ့တယ်။ သူတို့ရှုတင်ခေါ်တဲ့ အချိန်ထက် စော ပြီးရောက်အောင်သွားတယ်။ ဘယ် နှနာရီထိပဲ ရိုက်ရိုက် တစ်ခါမှ
ညည်းညူမှုမရှိဘဲ အကောင်းဆုံး ဖြစ်အောင် အလုပ်ကိုပဲသေချာ လုပ်ခဲ့တဲ့အခါမှာ သူတို့ ဘက်ကလည်း မြန်မာ တွေကို အထင်ကြီးလေး စားမှုတွေ ဖြစ်သွားတယ် ဆိုတော့ ကျွန်တော်တို့ ကြိုးစားရ ကျိုး နပ်တယ်လို့ ပြောရမှာပါ။ အဲဒီ အတွက် ကြောင့်လည်း ထိုင်းပရိုဂျူဆာ တွေဘက်က ဇာတ်ကားရိုက်ချင်တယ်ဆိုပြီး ကမ်း လှမ်းလာတာလည်းရှိတယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်းကြိုက်တယ် ဆိုရင်တော့ ရိုက်မယ်လို့ ပြောထားပါတယ်။ 

ဧပြီလ ထဲမှာတော့ ဇာတ်လမ်းဇာတ်ညွှန်း တွေကို ပို့ပေးမယ်လို့ ပြောပါတယ်" လို့ ပြေတီဦးက ပြောပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ရိုက်ကူး နေတဲ့ အတောအတွင်းမှာလည်း ပြေတီဦး၊ ရွှေသမီး ထုတ်လုပ်ရေးနဲ့ ထိုင်းရုပ်ရှင်အဖွဲ့ သားများက ထိုင်းနိုင်ငံဘုရင်မင်းမြတ် ကျန်းမာရေး ချို့ယွင်းလာသဖြင့် ကျန်း မာရေး အတွက်တိုင်းသူပြည် သားများ ဆုတောင်းကြတဲ့ ဆုတောင်းပွဲကိုလည်း မြန်မာ အနုပညာရှင်အဖွဲ့အနေနဲ့ တက်ရောက်ဆုတောင်းပေးခဲ့ ပြီး ဆုတောင်းပေးမှု ကို ထိုင်းရုပ်သံလိုင်း များ ရိုက်ကူး ထုတ် လွင့်ခဲ့ကြ ကြောင်း လည်း သိရပါ တယ်။

Popular Journal , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment