Pages

Wednesday, April 1, 2015

လားရှိုး၌ တိုင်းစစ်ဌာနချုပ်ရုံး လက်နက်ကြီးဖြင့် အပစ်ခံရမှုကြောင့် လုံခြုံရေး တိုးမြှင့်ချထား

RangonNewsDaily:: April . 1 .2015
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် အရေး ကြီး အဆောက် အအုံများနှင့် လူအ သွားအလာ များ သည့် နေ ရာ များတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများပူး ပေါင်းကာ လုံခြုံရေး ရပ်ကင်း၊ လှည့် ကင်း၊ ဝပ်ကင်းများ တိုးမြှင့်ချ ထားကာ မြို့ပြင် လုံခြုံရေးအတွက် ယာဉ်များ ဖြင့် လှည့်လည်ခြင်းများပြုလုပ်လျက် ရှိကြောင်း သိရသည်။
မတ် ၂၅ရက် ည ၈နာရီခွဲခန့် တွင် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာန ချုပ် ရုံးရှိရာသို့ လက်နက်ကြီး ဖြင့် ပစ်ခတ်ခံခဲ့ရ သည့် အတွက် လုံ ခြုံရေး တိုးမြှင့်ချ ထားခြင်းဖြစ်ပြီး ကျူး လွန်သူကိုလည်း စုံစမ်းစစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း သိရသည်။

''လက်နက်ကြီးနဲ့ ပစ်တဲ့ဖြစ်စဉ် ကို ဘယ်သူ့လက်ချက်ဆိုတာ စုံစမ်း ဖော် ထုတ်နေ ပါတယ်။ လားရှိုးမြို့ ရဲ့ လုံခြုံရေးအတွက်ကိုလဲ ရဲတပ်ဖွဲ့ အင်အား တိုးချဲ့ဆောင် ရွက်နေပါ တယ်။ လက်ရှိအင်အားထက် ပြည် နယ်ထဲမှာရှိတဲ့ အင်အားပူးပေါင်းထား တယ်''ဟု လားရှိုးမြို့ရှိ ဒုတိယပြည် နယ်ရဲတပ်ဖွဲ့မှ ရဲမှူးကြီးအောင်မြတ် မိုးက ပြောသည်။
::
အဆိုပါ စစ်ဌာနချုပ်အား RPG ဖြင့် ပစ်ခတ်ခံခဲ့ရာ တွင် ရပ်ကွက်(၁၀) နီလာ လမ်းထဲမှ မော်တော်ယာဉ်နှစ် စီးဖြင့် လာရောက် ပစ်ခတ်သွားရာ မျက်မြင် သက်သေ များရှိနေသော် လည်း လိုက်လံရှာဖွေရာတွင် မတွေ့ ရဟု ၎င်းက ဆက်ပြောသည်။
''လားရှိုးမြို့ပေါ် က လမ်းဆုံ လမ်းခွတွေ၊ မြို့အဝင်အထွက်အ ပေါက်တွေကို ရဲတပ်ဖွဲ့နဲ့အတူ တာ ဝန်ရှိသူတွေ၊ ပြည်သူတွေ ပူးပေါင်းပြီး ပိုက်စိပ်တိုက် စစ်ဆေးတာတွေလုပ် ပါတယ်။ လိုင်စင်ရှိ၊ မရှိ၊ ဘယ်သွား မယ်၊ ဘယ်သူတွေ လိုက်ပါလာတယ် စတာတွေကစပြီး အသေးစိတ်ကို စစ် ဆေးတာ မျိုးလုပ်နေ ပါ တယ်။ တိုင်း စစ်ဌာနချုပ်ကို ပစ်ခတ်သွားတဲ့သူတွေ နဲ့ သူတို့အသုံးပြုခဲ့ တဲ့ မော်တော် ကား နှစ်စီးကိုတွေ့ရင် ရဲတပ်ဖွဲ့ကို ချက် ချင်းသတင်းပေးကြဖို့ မြို့နေပြည်သူ အားလုံးကို အသိပေးထားပါတယ်'' ဟု လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး တင် ဖေဝင်းက ပြောသည်။
::
လားရှိုးမြို့တွင် လုံခြုံရေး အ တွက် ရပ်ကွက်တစ်ခုလျှင် ပြည်သူ အင်အား ၂၀ ကလည်း ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင် ရွက် ပေးလျက်ရှိ ကြောင်း သိရသည်။

Democracytoday ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment