Pages

Sunday, March 22, 2015

တစ်ခါမှ သရုပ်မဆောင်ဖူးတဲ့ ဇာတ်ရုပ်နဲ့ ဒေါက်တာဆိတ်ဖွားမှာ ပါဝင်မယ့်ရန်အောင်


RangonNewsDaily:: March . 22 .2015
ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားရုပ်ရှင်ဇာတ် ကားကြီးတွင် ပါဝင်သရုပ်ဆောင် ရမည့် ဇာတ်ရုပ်သည် ၎င်း၏ အနု ပညာသက်တမ်း တစ်လျှောက် တွင် တစ်ကြိမ်မျှမရိုက်ခဲ့ဖူးသော ဇာတ်ရုပ်ဖြစ်ကြောင်း ရန်အောင် ကပြောသည်။

‘‘ကျွန်တော့်ရဲ့သရုပ်ဆောင် သက်တမ်းတစ်လျှောက်မှာ သူတောင်းစားမလုပ်ခဲ့ဖူးဘူး။ သုဘရာဇာမလုပ်ခဲ့ဖူးဘူး။ အဲဒါ ကြောင့် ကျွန်တော့်ကိုသိတဲ့အနေ အထားမျိုးတွေ၊ မျက်လုံး၊ မျက်ခုံး တို့ အရပ်အမောင်းတို့ အဲဒီအချိုး တွေအကုန်ပြောင်းလိုက်ရင်တော့ အဲဒီဇာတ်ကောင်ထွက်လာမယ် ထင်တယ်။ ကျွန်တော့်ရဲ့ကြိုးစား မှုအပေါ်မှာလည်းမူတည်တာ ပေါ့’’ဟု ၎င်းကပြောသည်။

ရုပ်ရှင်မရိုက်ကူးသည်မှာ ကြာပြီဖြစ်သော ကျော်သူပါဝင် ရိုက်ကူးခဲ့သောကြောင့် မဆုံဖြစ် တာကြာပြီဖြစ်သည့် သရုပ်ဆောင်များနှင့်ပြန်လည်ရိုက်ကူးချင်၍ ပါဝင်ရိုက်ကူးရန်လက်ခံခဲ့ခြင်းဖြစ် သည်ဟု ၎င်းကပြောသည်။
ယင်းဇာတ်ကားတွင် ရန်အောင်က သုဘရာဇာ၊ သူတောင်းစားဟန်ဆောင်ထား သော အင်စပက်တော်အရာရှိ အနေဖြင့် သရုပ်ဆောင်သွားမည် ဖြစ်သည်။

‘‘သရုပ်ဆောင်တစ်ယောက် က ကားမရိုက်တာကြာရင် နည်း နည်းစိမ်းသွားတာမျိုးတော့ဖြစ် တတ်တယ်။ ဒါပေမဲ့ ကိုမောင်က အေးနေတဲ့ကန်ရေပြင်ပါပဲ။ ကျောက်ခဲလေးပြန်ကျလို့ ဂယက် ထသွားတာနဲ့ အကုန်လုံးပြန်သတိ ရသွားမှာပါ’’ဟု ရန်အောင်က ပြောသည်။

အဆိုပါဇာတ်ကားသည် ယနေ့ခေတ်ရေစီးတွင် ပရိသတ် အားပေးမှုရရှိနေသည့် ဖန်စီဇာတ် ကားပုံစံမဟုတ်သော်လည်း ဇာတ်ကားမရိုက်ဖြစ်တာကြာပြီ ဖြစ်သောကျော်သူပါဝင်ရိုက်ကူး သောကြောင့် ပရိသတ်စိတ်ဝင် စားမည့်ဇာတ်ကားတစ်ကားဖြစ် မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

‘‘ပရိသတ်တွေ တစ်ခါကြည့် ပြီးတာနဲ့ နောက်တစ်ခါပြန်ကြည့် ချင်တဲ့ကားဖြစ်လိမ့်မယ်လို့ မျှော် လင့်ပါတယ်’’ဟု ရန်အောင်က ပြောသည်။

ယင်းရုပ်ရှင်ကို မတ်လ ၁၈ ရက်တွင် မြရိပ်ညိုဟိုတယ်၌ ကန်တော့ပွဲပေး၍ ရိုက်ကူးရေး စတင်ခဲ့ပြီး ချောင်းသာနှင့် သင်္ချိုင်းများတွင်ရိုက်ကူးသွားရန် အစီ အစဉ်ရှိကြောင်းသိရသည်။

7Day DAILY , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment