Pages

Sunday, March 22, 2015

ဟွန်ဒါတတိယမျိုးဆက် Jazz


RangonNewsDaily:: March . 22 .2015
ဒီတစ်ပတ်ရန်ကုန်တိုင်းမ်ပရိသတ်ကြီးအတွက် မိတ်ဆက်ပေးချင်တဲ့ ကားအမျိုးအစားကတော့ ဟွန်ဒါရဲ့ တတိယမျိုးဆက် Jazz ကားလေးအ ကြောင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Honda Fit လို့ နာမည်ကျော်တဲ့ ဒီကားလေးဟာ ဥရောပနိုင်ငံတွေမှာတော့ Jazz လို့နာမည်ရပါတယ်။
ဒီစူပါမီနီကားလေးဟာ ဟွန်ဒါရဲ့နောက်ဆုံးပေါ် ဒီဇိုင်းအပြင်အဆင်များ ဖြည့်စွက်ပြီး ယခင်မျိုးဆက်များထက် ပိုမိုကောင်းမွန်တဲ့ အတွင်းအပြင် ဖွဲ့စည်းမှုများ နဲ့ထုတ်လုပ် ထားတာပဲဖြစ်ပါတယ်။



Honda ရဲ့New Super mini platform နဲ့တည်ဆောက်ထားတာဖြစ်ပြီး Honda ရဲ့ Latest Magic Seat စနစ်များပါဝင်ပါ တယ်။

1.3 လီတာဆံ့ i-VTEC ဓာတ်ဆီအင်ဂျင်တပ်ဆင်ထားပြီး ဂီယာခြောက်ချက် တပ်ဆင်ထားပါတယ်။

ဥရောပဈေးကွက်မှာ အရည်အသွေးစံနှုန်းကြယ်ငါးပွင့်ရထားတဲ့ ဒီ Jazz မှာ Advance Driver Assist System များဖြစ်တဲ့ Forward Collision warning စနစ် Lane departure warning, traffic sign recognition နဲ့ high beam assist စတဲ့အဆင့်မြင့်လုံခြုံရေးစနစ်များတပ်ဆင်ထားပါတယ်။

အတွင်းခန်း Dash board ကိုတော့ အဆင့်မြင့်ကုန်ပစ္စည်းများနဲ့ အလှဆင်ထားပြီး ငါးလက်မသို့မဟုတ် ခုနစ်လက်မ touchscreen ပါရှိပြီး ndroid OS ထည့်သွင်းအသုံးပြုထားတဲ့ အဆင့်မြင့်ဖျော်ဖြေရေး စနစ်များပါဝင်ပါတယ်။

Real time traffic news, weather နဲ့ internet radio စနစ်များပါဝင်တဲ့ pinch, suipe and tap စတဲ့အဆင့်မြင့်ဖျော်ဖြေရေးစနစ်များပါဝင်မှာ ပဲဖြစ်ပါတယ်။

မြန်မာပြည်မှာနာမည်ရခဲ့တဲ့ Honda Fit ရဲ့တတိယမျိုးဆက်သစ် Jazz ကို Hybrid မျိုးဆက်အနေနဲ့လည်းရနိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

TheYangonTimes‬, 
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment