Pages

Sunday, March 22, 2015

ဆွေသဟာသုံးစွဲသူ ငါးသန်းလောက်ရှိနေ ဟုဆို


RangonNewsDaily:: March . 22 .2015
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ ဆွေသဟာအစီအစဉ် ဝန်ဆောင်မှု စတင်ချိန်ကနေ နှစ်လအတွင်း အသုံးပြုကြသူတွေဟာ ငါးသန်းလောက် ရှိနေပြီလို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) ဆီကနေ သိရပါတယ်။
ဆွေသဟာ အစီအစဉ်စတင်တာနဲ့ နှစ်ရက်အတွင်းမှာကိုပဲ အသုံးပြုသူတွေဟာ တစ်သန်းထိ ရောက်ခဲ့ပြီး မတ်လ ၁၆ ရက်နေ့မှာတော့ သုံးစွဲသူ ငါးသန်းထိ ရောက်လာတာဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သတင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ခုနှစ်လယ်မှာ MPT ရဲ့ တာဝါတိုင်တွေ အားလုံးကနေတစ်ဆင့် 3G ဝန်ဆောင်မှုတွေ ပေးနိုင်တော့မှာဖြစ်လို့ ပိုမြန်တဲ့ အင်တာနက်ဝန်ဆောင်မှု ဆောင်ရွက်ပေးနိုင်မယ်လို့လည်း အဲဒီ သတင်းထုတ်ပြန်ချက်ထဲမှာ ပါပါတယ်။

ဂျပန်နိုင်ငံအခြေစိုက် KDDI နဲ့ Sumitimo Corporation တို့နဲ့ ပူးပေါင်းလုပ်ကိုင်ပြီး နောက်ပိုင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဟာ ဖုန်းခေါ်ဆိုခ နှုန်းထားတွေကို တစ်မိနစ် ၃၅ ကျပ်၊ အင်တာနက် 1MB ကို ၁၅ ကျပ် ကောက်တဲ့ ဆွေသဟာ ဝန်ဆောင်မှုကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလထဲမှာ စပြီး ဝန်ဆောင်မှု ပေးခဲ့တာ ဖြစ်ပါတယ်။


The Voice , 
KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment