Pages

Sunday, March 22, 2015

ပလက်ဝတွင် စီဒီအမ်အေဆင်းမ်ကတ်တစ်ကတ် ကျပ်တစ်သိန်းကျော် ဈေးပေါက်


RangonNewsDaily:: March . 22 .2015
ကျောက်တော် မြို့နယ်အထက်ပိုင်းကုလားတန်မြစ် ကြောင်းစီမံကိန်းတွင် ပါဝင်သည့် ပလက်ဝမြို့တွင် ဂျီအက်စ်အမ်ဖုန်း မရရှိသေးသည့်အတွက် စီဒီအမ်အေ ၄၅ဝနှင့် စီဒီအမ်အေ ၈ဝဝဆင်းမ် ကတ်များမှာ တစ်ကတ်လျှင် ကျပ်တစ် သိန်းကျော်ဈေးပေါက်နေကြောင်း ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။
''ဒီမှာ ဂျီအက်စ်အမ်ဖုန်းလိုင်း မရပါဘူး။ စီဒီအမ်အေ ၄၅ဝ တစ်မျိုး ပဲရပါတယ်။
စီဒီအမ်အေ ၈ဝဝကို ၄၅ဝ ဟမ်းဆက်မှာထည့်ပြီးတော့ အသုံးပြုလို့တော့ရပါတယ်။ စီဒီအမ် အေဆင်းမ်ကတ်တစ်ကတ်ကို တစ် သိန်းနှစ်သောင်းကျော်ဈေးရှိနေပါ တယ်။ ဂျီအက်စ်အမ်ဖုန်းတွေအပြင် မှာတောင် နှစ်ထောင်၊ နှစ်ထောင့် ငါးရာနဲ့ ဝယ်လို့ဖုန်းပြောနေတဲ့ခေတ် မှာ ကျွန်တော်တို့မှာတော့ ဖုန်းပြော ဖို့အတွက် ဆင်းမ်ကတ်တစ်ကတ်ကို တစ်သိန်းကျော်ပေးနေရတုန်းပါပဲ''ဟု ပလက်ဝတွင် ဆောက်လုပ်ရေးလုပ် ငန်းများ လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။


ပလက်ဝမြို့မှာ မြန်မာနှင့်အိန္ဒိ ယနှစ်နိုင်ငံပူးပေါင်းအကောင်အထည် ဖော်နေသည့် ကုလားတန်မြစ်ကြောင်း စီမံကိန်းတွင် အရေးပါနေသည့် မြို့ တစ်မြို့ဖြစ်ပြီး ကုလားတန်မြစ်ကြောင်း စီမံကိန်းအကောင်အထည်ပေါ်လာ ပါက ဆက်သွယ်ရေးကိုလည်း ယခု ထက်ကောင်းမွန်စေရန်အတွက် ဆောင်ရွက်ပေးသင့်ကြောင်း စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဒီမိုကရေစီတူဒေး, 
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment