Pages

Monday, March 2, 2015

မန္တလေးမြို ချမ်းအေးသာစံမြို့နယ် ဒိုင်းမွန်းပလာဇာအနီး ရွှေဖြူပလာဇာ ပထမအထပ်ရှိ အမျိုးသမီး အိမ်သာတွင် ဓာတ်ပုံခိုးရိုက်သည့် အမျိုးသားကို ဖမ်းဆီး

RangonNewsDaily:: March . 2 .2015
မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ် ဒိုင်းမွန်းပလာဇာအနီး ရွှေဖြူပလာဇာ ပထမအထပ်ရှိ အမျိုးသမီး အိမ်သာတွင် ပုန်းခို၍ ဓာတ်ပုံ မှတ်တမ်းတင်နေသည့် အမျိုးသားကို ပလာဇာ လုံခြုံရေးများက ဖမ်းဆီး၍ အမှတ် (၈) နယ်မြေရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားကြောင်း ရွှေဖြူပလာဇာတွင် ကိုယ်တွေ့ကြုံခဲ့ရသည့် အသက် ၃၀ နှစ်ခန့် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အဆိုပါပလာဇာတွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်ခန့်က အမျိုးသမီး အိမ်သာထဲတွင် အမျိုးသားတစ်ဦး ရှိနေသည်ဟု သံသယရှိသဖြင့် လုံခြုံရေး ဝန်ထမ်းများနှင့် ပိတ်ဆို့ဖမ်းဆီးထားပြီး CCTV မှတ်တမ်းကို ကြည့်ရှုရာတွင် အဆိုပါ အမျိုးသားသာ ဖြစ်နေသဖြင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အစ်မက အိမ်ထောင်သည်မို့လို့ အမျိုးသမီး အိမ်သာထဲမှာ အမျိုးသားတွေ့တယ် ဆိုတာ ပြောရဲတာ၊ အိမ်သာတက်နေတဲ့ အချိန်မှာ သူက ဓာတ်ပုံရိုက်ချင်လည်း ရိုက်လိမ့်မယ်။ လူအရိပ်ကို တွေ့လိုက်တယ်။ တခြားအမျိုးသမီးတွေလည်း ခဏခဏကြုံနေရတယ်။ ချောင်းကြည့်နေတာ။ ရဲတွေစစ်တဲ့အချိန်မှာ သူ့ရဲ့ဟန်းဖုန်းထဲမှာ အမျိုးသမီးတွေ အိမ်သာတက်နေတဲ့အချိန် ရိုက်ထားတဲ့ပုံတွေ အများကြီးတွေ့တယ်” ဟု ၎င်းက ထပ်မံပြောကြားသည်။
::
အဆိုပါ အမျိုးသားကို ရဲစခန်းသို့ အပ်နှံထားသော်လည်း ရွှေဖြူပလာဇာမှ တာဝန်ရှိသူများက အမှုဖွင့်ခြင်းမရှိသဖြင့် အများပြည်သူများအပေါ် စိတ်အနှောင့်အယှက် ဖြစ်စေသည့်အတွက် ချမ်းအေးသာစံမြို့နယ် နယ်မြေရဲက တရားလိုပြုလုပ်၍ အမှုဖွင့်မည်ဖြစ်ကြောင်း အမှတ် (၈) နယ်မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အဲဒီအမျိုးသားက ကျွန်မကို ကာယိနြေ္ဒပျက်အောင် ချောင်းပါတယ်ဆိုပြီး တိုင်တန်းတဲ့သူ မရှိဘူး။ နောက်ပြီး သူ့ရဲ့ဖုန်းထဲမှာ ခိုးပြီးရိုက်ထားတဲ့ ဓာတ်ပုံတွေ မတွေ့ရှိခဲ့ဘူး” ဟု ၎င်းက ထပ်မံပြောကြားသည်။
::
အဆိုပါ ဓာတ်ပုံခိုးရိုက်သည့် အမျိုးသားကို အမှုအမှတ် ပ (၇၃/၂၀၁၅)၊ ရဲအက် ၃၅ (ဃ) ဖြင့် အမှုဖွင့်ထားပြီး အဆိုပါပုဒ်မမှာ လူနေအိမ် အခြားအဆောက်အအုံ တစ်ခုခု၏ ဥပစာအတွင်း တစ်နေရာရာတွင် ရောက်ရှိနေပြီး ကျေနပ်အောင် ရှင်းလင်းမပြနိုင်သူကို အရေးယူသည့် ပုဒ်မဖြစ်၍ ထောင်ဒဏ် ၃ လအထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း အမှတ် ၈ ရဲစခန်းထံမှ သိရသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment