Pages

Monday, March 2, 2015

ယခုနှစ်နွေရာသီတွင် ခရမ်းလွန်ရောင်ခြည် ၁၅ ဆအထိ မြင့်တက်နိုင်ဟု ဒေါက်တာထွန်းလွင် ခန့်မှန်း

RangonNewsDaily:: March . 2 .2015
ယခုရက်ပိုင်းတွင် နေ့ အပူချိန်ကြောင့် ခရမ်းလွန်ရောင် ခြည်အညွှန်းကိန်းများ စတင်မြင့် တက်လာပြီဖြစ်ရာ ယခုနှစ်နွေရာ သီတွင် ခရမ်းလွန်ရောင်ခြည် ၁၅ အထိ မြင့်တက်လာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်ကပြောသည်။
‘‘တနင်္သာရီတိုင်းမှာ ၁၃ ဒသမ ၇ နဲ့ လွန်ကဲအဆင့်ထိ ရောက်နေပြီ။ ဒီနှစ်မှာလည်း ခရမ်းလွန်ရောင်ခြည်က ၁၅ ထိ မြင့်တက်လာနိုင်တယ်။ အခုလို ရာသီအကူးအပြောင်းကာလတွေ မှာ ပိုသတိထားသင့်တယ်။ အပူ ရှပ်တာတို့၊ ဖျားနာတာတို့ မဖြစ် အောင် ဂရုစိုက်ဖို့လိုတယ်’’ဟု ဒေါက်တာထွန်းလွင်ကပြောသည်။

ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီး၊ က ယား၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၁၁ ဖြင့် လွန်ကဲအဆင့်ကို ဆက်လက်ရောက်ရှိနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။
::
အပူချိန်အမြင့်ဆုံးအချိန်ဖြစ် သည့် နေ့လယ် ၁ နာရီမှ ၃ နာရီ အတွင်း လှုပ်ရှားသွားလာသူများ ထီး၊ ဦးထုပ်အစရှိသည့် အကာအကွယ်ပစ္စည်း အသုံးပြုရန်၊ မျက်လုံးကိုကာကွယ်သည့်အနေဖြင့် နေကာမျက်မှန်တပ်ဆင်ရန် လိုအပ်ကြောင်း ဒေါက်တာ ထွန်းလွင်က တိုက်တွန်းပြော ကြားသည်။
::
ဖေဖော်ဝါရီ ၂၇ ရက် တိုင်း ထွာချက်များအရ ရန်ကုန်တိုင်း ဒေသကြီးတွင် ၁၁ ဒသမ ၉၊ နေ ပြည်တော်နှင့် မကွေးတိုင်းဒေသ ကြီးတို့တွင် ၁၀ ဒသမ ၉၊ ပဲခူး တိုင်းဒေသကြီးနှင့် ကယားပြည် နယ်တို့တွင် ၁၁ ဒသမ ၃၊
ဧရာဝ တီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ၁၂၊ တနင်္သာရီတိုင်းဒေသ ကြီးတွင် ၁၃ ဒသမ ၇၊ ကရင်ပြည် နယ်တွင် ၁၁ ဒသမ ၈၊ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၁၀ ဒသမ ၆၊
::
ရှမ်းပြည်နယ်တောင် ပိုင်းနှင့် အရှေ့ပိုင်းတွင် ၁၁ ဒသမ ၁ ရှိနေပြီး နွေရာသီပထမပတ်အ တွင်း မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့တွင် အပူ ချိန် ၃၈ ဒီဂရီစင်တီဂရိတ်ကျော် နိုင်ကြောင်း ဒေါက်တာထွန်းလွင် က ခန့်မှန်းထားသည်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment