Pages

Monday, March 2, 2015

တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Samsung Galaxy S6


RangonNewsDaily:: March . 2 .2015
Samsung Galaxy S6 ကိုလည်း ဘာစီလိုနာက WMC 2015 ပွဲမှာ မိတ်ဆက်လိုက်ပါပြီ။
၁) ကြီးမားတဲ့ ထူးခြားပြောင်းလဲချက်တွေထဲမှာဆိုရင် အရှေ့နဲ့ အနောက်ကို ဖန်သားနဲ့ ပြုလုပ်ခြင်း ဖြစ်ပြီး အနောက်ဘက်က အကြမ်းခံ ဖန်သား ဖြစ်ပါတယ်။ ပြီးတော့ ဘေးဘောင်က အလူမီနီယံ ဖြစ်ပြီး စပီကာကို အောက်မှာ ထားထားပြီး ယခင်ဖုန်းထပ် ၁.၅ ဆ ပိုကျယ်သတဲ့။

၂) အရွယ်အားကတော့ ၅.၁ လက်မရှိပြီး QHD (2560x1440) 577ppi Super AMOLED မျက်နှာပြင် ဖြစ်တာကြောင့် ကမ္ဘာ့ မျက်နှာပြင် အရည်အသွေး အကောင်းဆုံး စမတ်ဖုန်းထဲ ပါဝင်လာပါအုံးမယ်။

၃) ကင်မရာကတော့ 13 MP ရှိပြီး ထုံးစံအတိုင်း Flash, IR Sensor နဲ့ နှလုံးခုန်မှု တိုင်းတဲ့ Heart Rate Sensor တို့ ပါဝင်လာပါ့မယ်။ ရှေ့ကင်မရာ ကလည်း 5 MP ဖြစ်ပြီး HDR ရိုက်လို့ရ ပါတယ်။


၎) အားသွင်းဖို့အတွက် Wireless charging ကြိုးမလို သွင်းလို့ရပြီး ကြိုးနဲ့ သွင်းမယ်ဆိုရင် နာရီဝက်အတွင်း အားပြည့်တဲ့ Fast charging ပေါက် ပါဝင်သတဲ့။


၅) Android OS 5.0.2 (Lollipop) ဗားရှင်းနဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။


၆) RAM 3GB LPDDR4 ပါဝင်ပါတယ်။


၇) Octacore Processor ကို အသုံးပြုပြီး 64 bit Samsung ရဲ့ ကိုယ်တိုင်ထုတ် Processor ဖြစ်ပါတယ်။


၈) အရောင်ကတော့ ဖြူ၊ နက်၊ ရွှေ၊ ပြာ တို့မှာ ရနိုင်ပါတယ်။


၉) ၁၃၈ ဂရမ်လေးပြီး 0.27 mm သာ အထူ ရှိတာကြောင့် အတော်ပါးပြီး ပေါ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။


၁၀) အမေရိကန်ဒေါ်လာ ၁ထောင်အထပ် စမတ်ဖုန်း ဖြစ်ပြီး မြန်မာကျပ်ငွေနဲ့ ဆိုရင် ၁၀ သိန်းအထပ်မှာ ရှိမှာ ဖြစ်ပါတယ်။


၁၁) 32 GB, 64 GB, 128 GB တို့ ထွက်ရှိပြီး microSD ကဒ် ထပ်စိုက်လို့ မရပါဘူး။


၁၂) လက်ဗွေစနစ်က ပွတ်ချစရာမလိုတော့ပဲ iPhone လို တို့ထိရုံနဲ့ ရပါပြီ။



(ရိုးရာလေး) , 
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment