Pages

Tuesday, March 3, 2015

Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့ အချမ်းသာဆုံး လူစာရင်းမှာ ဘီလ်ဂိတ် ၁၆ ကြိမ်မြောက် အဖြစ် ရွေးချယ်ခံရ


RangonNewsDaily:: March . 3 .2015
ဖော့စ် Forbes မဂ္ဂဇင်းက နှစ်စဉ် ရွေးချယ်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး လူစာရင်းမှာ ဘီလ်ဂိတ်က ဒီနှစ်မှာလည်း ၁၆ ကြိမ်မြောက် အဖြစ် ရွေးချယ်ခံရပါတယ်။
မိုက်ကရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်ဟာ ဒုတိယ နေရာက မက္ကဆီကန် လုပ်ငန်းရှင် Carlos Slim ကို အခုနှစ်မှာလည်း နောက်တစ်ကြိမ် အသာစီး ရသွားတာ ဖြစ်ပါတယ်။

မစ္စတာ ဂိတ်ရဲ့ ပိုင်ဆိုင်မှုဟာ တစ်နှစ်အတွင်း ဒေါ်လာ ၃ ဘီလျံ တိုးခဲ့ပြီး စုစုပေါင်း ပိုင်ဆိုင်မှု တန်ဖိုး ဒေါ်လာ ၇၉ ဘီလျံကို ရောက်ရှိခဲ့ပါတယ်။

ဒုတိယ နေရာက မက္ကဆီကန် လုပ်ငန်းရှင် ကားလို့စ် စလင်းမ်ရဲ့ ပိုင်ဆိုင်မှုကတော့ ဒေါ်လာ ၇၇.၁ ဘီလျံ ရှိပြီး အမေရိကန်က ရင်းနှီးမြှုပ်နှံသူ Warren Buffet ကတော့ ပိုင်ဆိုင်မှု ဒေါ်လာ ၇၂.၇ ဘီလျံနဲ့ တတိယနေရာမှာ ရှိပါတယ်။
::
ပြီးခဲ့တဲ့ နှစ်အတွင်းမှာ ဘီလျံနာ ၁၈၁ ယောက် တိုးလာခဲ့တဲ့အတွက် ကမ္ဘာပေါ်မှာ သန်းထောင်ချီ ချမ်းသာတဲ့ ဘီလျံနာပေါင်း ၁၈၂၆ ဦး ရှိသွားပြီလို့ ဖော့စ် မဂ္ဂဇင်းက ပြောပါတယ်။

၂၀၁၅ အတွက် ကမ္ဘာ့အချမ်းသာဆုံး လူစာရင်း
1. Bill Gates $79.2bn (Microsoft)
2. Carlos Slim Helu $77.1bn (Phones and construction in Mexico)
3. Warren Buffett $72.7bn (Global investor)
4. Amancio Ortega $64.5bn (Zara and other fashion chains)
5. Larry Ellison $54.3bn (Oracle data storage technology)
6. Charles Koch $42.9bn (Industrialist)
7. David Koch $42.9bn (Industrialist)
8. Christy Walton $41.7bn (Walmart retail giant)
9. Jim Walton $40.6bn (Walmart retail giant)
10. Liliane Bettencourt $40.1bn (L'Oreal cosmetics firm)

BBC ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment