Pages

Tuesday, March 3, 2015

၂၇ရက်တာစေတနာ.......... MPT ဆွေသဟာရဲ့ အင်တာနက်နှုန်းထား လျှော့ချလိုက်ပြီဟုဆို

RangonNewsDaily:: March . 3 .2015
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က အင်တာနက် အသုံးပြုခတွေကို အရင်က 1MB သုံးရင် ၁၅ ကျပ် ဖြတ်ရာကနေ နိုင်ငံခြားအော်ပရေတာတွေရဲ့ နှုန်းထားအတိုင်း ၇ ကျပ် ပြား ၅၀ ပဲ ဖြတ်တော့မှာ ဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဆီကနေ သိရပါတယ်။
အဲဒီနှုန်းတွေကို မတ်လ ၄ ရက်နေ့ကနေ ၃၁ အထိပဲ လျှော့မှာဖြစ်ပြီး GSM နဲ့ WCDMA ဆင်းမ်ကတ်တွေရဲ့ ဆွေသဟာ ဝန်ဆောင်မှု အသုံးပြုနေသူတွေပဲ ရမှာဖြစ်တယ်လို့လည်း MPT ကနေ သိရပါတယ်။
::
ဒါ့အပြင် တစ်လသုံး အင်တာနက် Packages တွေကိုလည်း အရင် 400MB ကို ငါးထောင်ကျပ်အစား နှစ်ထောင့်ရှစ်ရာကျပ်၊ 1GB ကို တစ်သောင်းကနေ ခြောက်ထောင့်ငါးရာအထိ လျှော့ထားပြီး တစ်လကို နှစ်သောင်းခွဲပေးရတဲ့ 5GB Packages အသစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဆီကနေ သိရပါတယ်။

The Voice ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment