Pages

Thursday, January 22, 2015

ဒုတိယမြောက် စင်တင်မင်းသမီးသုံးဦးအနက်မှ ပိုင်ဖြိုးသု ပထမဆုံးဇာတ်ကားကို ဘာပြောလဲ


RangonNewsDaily:: January . 22 .2015
အနုပညာပျိုးခင်း၏ စင်တင်မင်းသမီးတစ်လက်ဖြစ်သူ ပိုင်ဖြိုးသု က”ပထမဆုံးစတင်ရိုက်ကူးတဲ့ကားမှာ သုံးယောက်လုံး ကာရိုက်တာ ညီမျှတယ်”ဟု ပြော သည်။အနု ပညာပျိုးခင်းမှ ဒုတိယအကြိမ် စင်တင်မင်းသမီးသုံးဦးကို သရုပ်ဆောင် အကယ်ဒမီလူမင်း နှင့်တွဲဖက်စေပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟက စတင်ရိုက်ကူးနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဇာတ်ကားကို ‘အိုင်အမ်(မ်)ဘခက်’ ဟု အမည်ပေးထားပြီး ထက်မြက်သည့် အမျိုးသမီးသုံးဦးအဖြစ် အနုပညာပျိုးခင်း စင်တင်မင်းသမီးသုံးဦးက သ ရုပ်ဆောင်ထားသည်။

အဆိုပါကားတွင် ပိုင်ဖြိုးသုက ရေကူးကျွမ်းကျင်ပြီး ရွှေသမီးက အကမှာ ထူးချွန်သလို ရတနာဗိုလည်း တင်းနစ်မှာထူးချွန်သည့် အမျိုးသမီးများအဖြစ် သရုပ်ဆောင် ထားသည်ဟု သိရသည်။ ”ရေကူးတာက ကိုယ်တိုင်ဝါသနာပါတဲ့အတွက် အပြင်က ကိုယ့်ကာရိုက်တာနဲ့ တစ်ထပ်တည်းကျတယ်”ဟု ပိုင်ဖြိုးသုကပြောသည်။ 

အနုပညာ ပျိုးခင်းမှ ပထမအ ကြိမ် စင်တင်သည့် မင်းသမီး သုံး ဦးဖြစ်သည့် အိချောပို၊ ယုသန္တာ တင်၊ ရွှေမှုံရတီတို့ကလည်း အနု ပညာလောကတွင် အောင်မြင် ကြသည့် အနုပညာ ရှင်များအဖြစ် ရပ်တည်လျက်ရှိသည်။”ရှေ့က စီနီယာသုံးယောက်ဆို အနုပညာလောကမှာ အောင်မြင်ကြတယ်။ သရုပ်ဆောင်မှာတော်ကြတယ်။ 

သူတို့ကိုကြည့်ပြီး ကိုယ် တို့လည်း အနုပညာပျိုးခင်းက လူကြီးတွေ နာမည်မပျက်အောင် ကြိုးစားချင်တဲ့ အသိစိတ်ဝင်လာတယ်”ဟု ပိုင်ဖြိုးသုက ဆိုသည်။

Popular Journal , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment