Pages

Thursday, January 22, 2015

တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားတွင် မီးသတ်နှင့် ကြက်ခြေနီပါဝင်တော့မည်မဟုတ်

RangonNewsDaily:: January . 22 .2015
ယခုနှစ်တွင် ကျင်းပ မည့် အကြိမ် (၇၀) မြောက် တပ်မ တော်နေ့ စစ်ရေးပြအခမ်းအနား ၌ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ၀င်များနှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များပါဝင်တော့မည် မ ဟုတ်ကြောင်း မြန်မာ့တပ်မတော် တာဝန်ရှိသူများက ပြောသည်။
‘‘နှစ်တိုင်းစစ်ရေးပြအခမ်း အနားမှာတော့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ ပါပါတယ်။ ဒီနှစ်တော့ ကြက်ခြေနီတွေမပါတော့ဘူးလို့ စာထွက်လာတယ်။ ဒီတော့ မြို့နယ်တွေကိုလည်း ဒီနှစ် စစ် ကြောင်း ချီတက်ပွဲမပါတော့ဘူးလို့ အကြောင်းကြားထားပါတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ တိုင်းဦးစီး ဒုတိယတန်း (စီမံ)မှ ဦးရဲလွင်က ဆိုသည်။

တပ်မတော်နေ့ စစ်ရေးပြပွဲ အတွက် မြို့နယ်တစ်ခုမှ ကိုယ် စားလှယ်တစ်ဦးစီပေးရပြီး ရန် ကုန်တိုင်းဒေသကြီးမှ နှစ်စဉ် ၅၀ ဦးပါဝင်က ၎င်းတို့အတွက် အသုံး စရိတ်များကိုလည်း သက်ဆိုင်ရာ မြို့နယ်များက ကုန်ကျစရိတ်ပေးခံရကြောင်း ကြက်ခြေနီအဖွဲ့မှ ဒုတပ်ရင်းမှူးတစ်ဦးက ဆိုသည်။


‘‘မြို့နယ်တစ်ခုနဲ့ တစ်ခု တော့ ပေးရတဲ့ ငွေမတူဘူး။ တတ်နိုင်တဲ့ မြို့နယ်တွေဆိုရင်တော့ ကလေးတွေ ပိုရတာပေါ့။ မြို့နယ် တစ်ခုကို တစ်ယောက်တော့ ပေး ရတယ်။ မပေးနိုင်ရင်တော့ တခြား မြို့နယ်က ငှားရတာပေါ့။ အနည်းဆုံးတော့ တစ်သိန်းလောက်ပေး ရတယ်။ ဒီနှစ်မပါတော့ဘူးဆို တော့ ကောင်းတာပေါ့’’ဟု ၎င်းက ပြောသည်။


‘‘အဲဒီပွဲတွေမှာကတော့ အ ရပ်ပြည့်တဲ့သူတွေကို ရွေးပြီး လွှတ်တယ်။ တချို့လည်း နေပြည်တော် ကနေ ပြန်ရောက်လာတာတွေရှိ ပါတယ်။ အရပ်အမောင်းအဓိက ပါပဲ။ သက်ဆိုင်ရာမြို့နယ်တွေက သူတို့ကိုထောက်ပံ့ပေးရတာပေါ့။ အရန် မီးသတ်ရော၊ သန္ဓေမီးသတ်တွေပါပါတယ်’’ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။


၁၉၄၅ မတ်လ ၂၇ ရက် တွင် ဖက်ဆစ်ဂျပန်ကို တပ်မ တော်နှင့် တိုင်းရင်းသားပြည်သူ လူထုပူးပေါင်းတိုက်ထုတ်သည့် အဆိုပါနေ့ကို တော်လှန်ရေးနေ့ မှ တပ်မတော်နေ့အဖြစ် ပြောင်း လဲသတ်မှတ်ပြီးနောက် မြန်မာ နိုင်ငံ ကြက်ခြေနီအဖွဲ့နှင့် မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့မပါဝင်တော့ ဘဲ ၎င်းတို့နေရာတွင် စစ်သမီးတပ် ဖွဲ့နှင့် ရဲမေတပ်ဖွဲ့တို့ ပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


7Day Daily, 
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment