Pages

Sunday, December 21, 2014

Father Land ဥက္ကဋ္ဌကို လုပ်ငန်းရှင်အချို့ ထပ်မံတရားစွဲရန် ပြင်ဆင်နေဟုဆို

RangonNewsDaily:: December . 21 .2014
ဖမ်းဝရမ်းထုတ်ခံထား ပြီး ရှောင်တိမ်းနေသော Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင် ရှင်ဦးကျော်မြင့်ကို တရားစွဲလို သည့် လုပ်ငန်းရှင်များရှိနေဆဲဖြစ် ကြောင်း သတင်းရရှိသည်။

လိမ်လည်မှု၊ စာချုပ်စာတမ်း အတုပြုလုပ်မှုတို့ဖြင့် တရားစွဲဆို ခံထားရပြီး အမှုရင်ဆိုင်နေရသည့် ဦးကျော်မြင့်ကို ဗဟန်းမြို့နယ်ရွှေ တောင်ကြားရပ်ကွက်ရှိ မြေတစ် ဧကခွဲ၌ အဆောက်အအုံတည် ဆောက်ရာတွင်လိမ်လည်ရောင်း ချသည်ဟုဆိုကာ လူခုနစ်ဦးက စု စည်း၍ ထပ်မံတရားစွဲဆိုရန်ပြင် ဆင်နေခြင်းဖြစ်သည်။

Father Land ဆောက်လုပ် ရေးကုမ္ပဏီပိုင်ရှင်ဦးကျော်မြင့်ကို ရုံးထုတ်စစ်ဆေးမည့် ဒီဇင်ဘာ ၁၆ ရက်တွင် တရားရုံးသို့ လာရောက် အစစ်ဆေးခံခြင်း မရှိသောကြောင့် ကျောက်တံတားမြို့နယ် တရားရုံးကအာမခံ ပြန်လည်ရုပ်သိမ်းကာ ဖမ်းဝရမ်းထုတ်ထားပြီဖြစ်သည်။

ဒုတိယရုံးချိန်းတွင် ကျန်းမာ ရေးအကြောင်းပြချက်ကြောင့် အာမခံပေး၍ လွှတ်ပေးလိုက် သော ဦးကျော်မြင့်သည် တတိယ မြောက်ရုံးချိန်း၌ လာရောက် ထွက်ဆိုခြင်းမရှိဘဲ ထပ်မံရှောင် တိမ်းခဲ့သောကြောင့်ကျောက်တံ တားရဲစခန်းက ဒီဇင်ဘာ ၁၉ရက် အထိ လက်ဝယ်မဖမ်းဆီးမိသေး ကြောင်း ကျောက်တံတားရဲစခန်း မှတာဝန်ကျရဲအရာရှိကပြော သည်။

ထို့ကြောင့် 7Day Dailyက Father Landကုမ္ပဏီသို့ အကြိမ် ကြိမ်ဆက်သွယ် မေးမြန်းသော် လည်း တာဝန်ယူဖြေကြားပေး မည့်သူမရှိကြောင်းပြောဆိုသည်။

‘‘Father Landပိုင်ရှင်ကို နောက်ထပ်တရားစွဲဖို့တိုင်ချက် ဖွင့်ထားတာရှိနေပါပြီ။ အမှုကို ခိုင် မာအောင်တည်ဆောက်ပြီး အမှု ဖွင့်နိုင်ဖို့ အဆင့်ဆင့်ကိုတင်ပြ ထားပါတယ်’’ဟုအဆိုပါအမှုကို ကိုင်တွယ်မည့် ရဲအရာရှိကပြောသည်။

၎င်းပိုင်ဆိုင်သည့်တိုက်ခန်း များရောင်းချငှားရမ်းမှုကို လက်ခံ ထားသည့် အိမ်ခြံမြေ အကျိုး ဆောင်များကလည်း ဆက်လက်ပြီး လက်ခံဆောင်ရွက်ပေးတော့မည် မဟုတ်ကြောင်းဆိုကြသည်။

7Day Daily, KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment