Pages

Friday, December 19, 2014

ဖယောင်းတိုင်မှတစ်ဆင့်လောင်သည့် မီးကြောင့် သုံးနှစ်အရွယ် ကလေးတစ်ဦးသေဆုံး

RangonNewsDaily:: December . 19 .2014
ရေသန့်ဘူးပေါ် ဖယောင်းတိုင်တင်ထွန်းရာမှ တစ် ဆင့် မီးလောင်ခဲ့ရာ အသက်(၃) နှစ်အရွယ် ကလေးတစ်ဦး သေ ဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၆ ရက် ညဥ့် ၁၂ နာရီခန့်က ရွှေပြည်သာမြို့နယ်အ တွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီး လောင်ချိန် မိနစ်ပိုင်းအတွင်း (၃) နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ကာ (၆) နှစ်အရွယ် ကလေးတစ်ဦးနှင့် မိခင်တို့ လည်း ဒဏ်ရာရရှိခဲ့သည်။

မိခင်ဖြစ်သူမှာ စိုးရိမ်ရ သည့် အခြေအနေမဟုတ်သော် လည်း (၆) နှစ်ကလေးမှာမူ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင် ဒဏ်ရာရရှိခဲ့၍ စိုးရိမ်ရကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၃ ရက်က ကြည့် မြင်တိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့ သော မီးလောင်မှု၌ လူတစ်ဦး သေဆုံးခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်က အောင်ဇေယျတံတားအဆင်း၌ ဖြစ်ပွားခဲ့သည့် ဆီဘောက်ဆာ မီးလောင်မှုကြောင့် လူတစ်ဦးသေ ဆုံးခဲ့သည်။

ထို့ကြောင့် ရန်ကုန်တိုင်း အတွင်း ဒီဇင်ဘာ ၁၃ ရက်မှ ၁၇ ရက်အထိ လေးရက်အတွင်း မီး လောင်မှုသုံးကြိမ် ဖြစ်ပွားခဲ့ရာ စုစုပေါင်း လူသုံးဦး သေဆုံးခဲ့ သည်။

7Day Daily, KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment