Pages

Friday, December 19, 2014

ကာချုပ်တက်ရောက်မည့် တပ်မတော်ဆေးတက္ကသိုလ် သင်တန်းဆင်းပွဲရှိသဖြင့် မြို့နယ်အချို့တွင် လုံခြုံရေးတိုးမြှင့်

RangonNewsDaily:: December . 19 .2014
တပ်မတော် ဆေး တက္ကသိုလ်(မင်္ဂလာဒုံ)သင်တန်း ဆင်းပွဲရှိသောကြောင့် မရမ်း ကုန်း၊ လှိုင်၊ ကမာရွတ်၊ ရွှေပြည် သာ၊ အင်းစိန်၊ မင်္ဂလာဒုံစသည့် မြို့နယ်အချို့တွင် လုံခြုံရေးတိုး မြှင့်ထားကြောင်း သတင်းရရှိ သည်။

သင်တန်းဆင်းပွဲသို့ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ် တိုင် တက်ရောက်မည်ဖြစ်သော ကြောင့် လုံခြုံရေးကို ပုံမှန်ထက် တိုးထားခြင်းဖြစ်ကြောင်း မြို့နယ် မှူးတစ်ဦးက ဆိုသည်။

‘‘ကျွန်တော်တို့ ရဲတပ်ဖွဲ့က တော့ ပုံမှန်အတိုင်း လုံခြုံရေးယူ ပေးထားတယ်။ ကာချုပ်ကြီးအ တွက်လည်း တပ်က လုံခြုံရေး တွေပါပါတယ်။ ကျွန်တော်တို့က တော့ ညပိုင်းယာဉ်စစ်တွေကို အရင်ထက် ပိုမိုတင်းကျပ်စစ်ဆေး နေပါတယ်’’ဟု ၎င်းက ဆိုသည်။

သင်တန်းဆင်းပွဲ ရှိသော ကြောင့် မရမ်းကုန်း၊ လှိုင်၊ ကမာ ရွတ်၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံစသည့် မြို့နယ်အချို့ တွင် ဧည့်စာရင်းများ စစ်ဆေး လျက်ရှိကြောင်း မြို့နယ်အတွင်း နေထိုင်သူအချို့က ဆိုသည်။

‘‘ဧည့်စာရင်းကတော့ တခြားမြို့နယ်တွေတော့ မသိဘူး။ ကျွန်တော့်မြို့နယ်မှာတော့ အိုဘားမား မြန်မာပြည်လာပြီးကတည်းကအခုချိန်ထိ စစ်ပါတယ်။ အထူး သဖြင့်တော့ နိုင်ငံခြားသားတွေ နေထိုင်တဲ့နေရာတွေကို သေချာ စစ်ဆေးပါတယ်’’ ဟု လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြတ်ယုက ပြောသည်။

မင်္ဂလာဒုံမြို့နယ်တွင် စစ် တပ်လုံခြုံရေး ချထားမှုကြောင့် ပြည်သူအချို့မှာ ယခင်ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ဆေးရုံလာ တက်သဖြင့် လုံခြုံရေးတိုးမြှင့်ထား ခြင်းဖြစ်နိုင်သည်ဟု ပြောဆိုမှု များ ရှိနေကြောင်း မှော်ဘီမြို့၌နေထိုင်သူတစ်ဦးက ဆိုသည်။

အဆိုပါ ကျောင်းဆင်းပွဲ အခမ်းအနားကို တက်ရောက်ရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ဒီဇင်ဘာ ၁၈ ရက် ညနေတွင် ရန်ကုန်မြို့သို့ ရောက်ရှိနေကြောင်း သိရသည်

7Day Daily, KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment