Pages

Friday, December 19, 2014

အိန္ဒိယက သူ့ရဲ့ အကြီးဆုံး ဒုံးပျံကို လွှတ်တင်


RangonNewsDaily:: December . 19 .2014
အိန္ဒိယ နိုင်ငံမှာ လူလိုက်ပါနိုင်တဲ့ အာကာသယာဉ် အလွတ်နဲ့အတူ သူတို့ရဲ့ အကြီးဆုံး ဒုံးပျံကို အောင်အောင် မြင်မြင် ပစ်လွှတ်နိုင်ခဲ့ပါတယ်။
တန်ချိန် ၆၃၀ လေးတဲ့ GSLV (MK III) ဆိုတဲ့ အဲဒီ ဒုံးပျံကို အိန္ဒိယ တောင်ပိုင်း အန်ဒရာ ပရာဒက်ရှ် ပြည်နယ်ကနေ ကြာသပတေးနေ့ မနက်ပိုင်းက လွှတ်တင်ခဲ့တာပါ။


အိန္ဒိယဟာ အရင် ရှိခဲ့တဲ့ ဒုံးပျံတွေနဲ့ ဂြိုဟ်တု အပေါ့စား တွေကိုသာ လွှတ်တင် နိုင်ခဲ့တာ ဖြစ်ပြီး အခုတော့ ဒီ ဒုံးပျံ အသစ်ကြောင့် ၄၀၀၀ ကီလိုဂရမ် အထိ လေးတဲ့ ဂြိုဟ်တုတွေ
ကို နိုင်ငံခြား အကူအညီ မလိုဘဲ လွှတ်တင် နိုင်တော့မယ်လို့ ဆိုပါတယ်။

အခု ပစ်လွှတ်မှုမှာ လူ ၃ ဦး အထိ တင်ဆောင်နိုင်တဲ့ လူမဲ့ အာကာသယာဉ်ကိုလည်း ဒုံးပျံနဲ့အတူ သယ်ဆောင်သွားပါတယ်။

BBC , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment

 
world time