Pages

Friday, December 19, 2014

ပြည်တွင်းသို့ ကျပ်သိန်းလေးထောင် တန်ဖိုးရှိ မူးယစ် ဆေးဝါးများ သယ်လာသော အမျိုးသမီးနှစ်ဦး ဖမ်းမိ

RangonNewsDaily:: December . 19 .2014
တရုတ်လူမျိုးတစ်ဦးက အခကြေးငွေပေးကာ မြန်မာ နိုင်ငံတွင်းသို့ မူးယစ်ဆေး သယ်ဆောင်ခိုင်းသည့် အမျိုးသမီး နှစ်ဦးကို လားရှိုးမူးယစ် တပ်ဖွဲ့စုက ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ အေးရှားဝေါတိုးဂိတ် တွင် ဒီဇင်ဘာ ၈ ရက်က အမျိုး သမီးနှစ်ဦးကို မူးယစ်ဆေးများနှင့် အတူ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အားတရုတ်နိုင်ငံ၊ ရွှေလီမြို့ တွင်နေသည့် အမျိုးသမီးတစ်ဦး က ငွေပေး၍ ခိုင်းခြင်းဖြစ်သည်ဟု ၀န်ခံထားကြောင်း လားရှိုးမူးယစ် တပ်ဖွဲ့စု (၂၄)မှ ရဲအရာရှိတစ်ဦး ကပြောသည်။

‘‘မူးယစ်ဆေးသယ်နိုင်တဲ့ လမ်းကြောင်းတွေမှန်သမျှ ပိတ်ဆို့စစ်နေတယ်။ ဒီအမှုကလည်း ရွှေလီမှာနေတဲ့ အမျိုးသမီးတစ် ယောက်က ငွေပေးခိုင်းတာလို့ ပြောတယ်။ လမ်းကြောင်းက တော့ မူဆယ်ကနေ မန္တလေးအ ထိ ကွင်းဆက်တွေကို စစ်နေပါ တယ်’’ဟု ပြောသည်။

ဖမ်းမိသော မူးယစ်ဆေးများ မှာ ကျပ်သိန်းလေးထောင်တန်ဖိုး ရှိ ဘိန်းဖြူမှုန့်များဖြစ်ပြီး ခရီးသည်တင်ကားဖြင့် သယ်ယူလာခြင်းဖြစ်သည်။ လားရှိုး ခရိုင်အပါအ၀င် ရှမ်းပြည်မြောက်ပိုင်းဒေသ၌ ယခုနှစ်အတွင်း မူးယစ်ဆေးအမှု ၁၂,၀၀၀ နီးပါးနှင့် ပြစ်မှုကျူးလွန်သူ ဦးရေ ၁,၅၀၀ ကျော်ဖမ်းဆီး စစ်ဆေးနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment