Pages

Tuesday, December 23, 2014

၂၀၁၃ ခုနှစ် အတွက်အကယ်ဒမီဆုရှင်များ ရွေးချယ်ပြီးပြီ

RangonNewsDaily:: December . 23 .2014
၂၀၁၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ရရှိသည့် သူများကို ဒီဇင်ဘာ ၁၈ ရက်က အပြီးသတ် စိစစ်ရွေးချယ် ခဲ့သည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။

“မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရရှိမယ့် သူတွေကို နောက်ဆုံးအဆင့် ရွေးချယ်တာ ပြီးစီးသွား ပါပြီ။ အခုဆိုရင် ဆုကြေညာ နိုင်တဲ့ အဆင့်အထိ ပြီးစီးသွား ပါပြီ။ ဆုရရှိသူ တွေကို မဲစနစ်နဲ့ နာယက လေးဦးကို ရွေးချယ်ခိုင်း ခဲ့တာပါ။ အခုအချိန် မှာတော့ ဆုရရှိသူ တွေကို နာယက လေးဦးကပဲ သိပါတယ်”ဟု ၎င်းကပြောသည်။

အကယ်ဒမီဆု ရွေးချယ်ရာတွင် ပထမအဆင့်၌ အဖွဲ့ဝင် ၁၄ ဦး၊ ဒုတိယ အဆင့်တွင် ၂၃ ဦးနှင့် ယခုနောက်ဆုံး ရွေးချယ်မှုတွင် စိစစ်ရွေးချယ်ရေး အဖွဲ့ဝင် လေးဦးက အကယ်ဒမီ ရရှိကြမည့်သူများကို ထပ်မံရွေးချယ် ခဲ့သည်ဟု ဦးအေးကြူလေးက ပြောသည်။

ထူးချွန်ဆု ရရှိသူ များကို ဒုတိယ အဆင့်တွင် အဖွဲ့ဝင် ၂၃ ဦးဖြင့် ရွေးချယ်ခဲ့ပြီး နောက်ဆုံး အဆင့် ရွေးချယ်မှုကို ဦးကြည်စိုးထွန်း၊ ဦးနှင်းမိုး၊ ဦးညွန့်ဝင်းနှင့် ဦးအောင်မြင့်မြတ် နာယက လေးဦးက ရွေးချယ် ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

၂၀၁၃ ခုနှစ် အကယ်ဒမီ ဆန်ကာတင် စာရင်းတွင် နင်စေရင်၊ အဖြူရောင်ရဲတိုက်၊ စုန်းပြူး၊ ကြယ်စင်မော်ကွန်း၊ စေတန်ရဲ့ ကချေသည်၊ ကိုယ့်အထာနှင့်ကိုယ် ဇာတ်ကားများ ပါဝင်ခဲ့သည်။

Mizzima, KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment