Pages

Tuesday, December 23, 2014

မြေငလျှင်သတင်း ---- စစ်ကိုင်းတိုင်းဒေသကြီးဖောင်းပြင်မြို့အနီး ဗဟိုပြု၍ အင်အား ၅ ဒသမ ၂ ရှိ ငလျင်လှုပ်

RangonNewsDaily:: December . 23 .2014
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့အနီးတွင် ဒီဇင်ဘာ ၂၁ ရက်က ပြင်းအားရစ်ခ်ျတာ စကေး ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိခဲ့သော်လည်း အနီးဝန်းကျင်မြို့များတွင် လှုပ်ရှားမှုရှိခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၂၁ ရက် နေ့လယ် ၁၂ နာရီ ၈ မိနစ်က ဖောင်းပြင်မြို့၏အနောက်-အနောက်တောင်ဘက် ရှစ်မိုင်ခန့်အကွာကိုဗဟိုပြု၍ လှုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ငလျင်ကိုဖောင်းပြင်မြို့အနီး ဝန်းကျင်မြို့များဖြစ်သော မော်လိုက်နှင့် ဟုမ္မလင်းမြို့များတွင်ပါ ခံစားခဲ့ရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

‘‘ကဘော် ပြတ်ရွေ့ကြောလှုပ်သွားတာပါ။ မကြာခဏလှုပ်တတ်ပေမယ့် အခုကတော့ ရစ်ခ်ျတာ
စကေး ၅ အဆင့်ကျော်သွားတယ်။ ဒီဒေသက အိမ်ခြေကျဲပါးတော့ စိုးရိမ်စရာတော့မရှိပါဘူး’’ ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကပြောသည်။
::
ယခု ငလျင်မှာ ၂၀၁၄ ခုနှစ် အတွင်း (၅၈)ကြိမ်မြောက်လှုပ်သည့်ငလျင်ဖြစ်ကြောင်း မိုး/ဇလ ဌာန၊ မြေငလျင်ဌာနခွဲက သတင်း ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံ ဒေသအချို့တွင် အောက်တိုဘာနှ
င့်နိုဝင်ဘာအတွင်း ရစ်ခ်ျတာစကေး ၅ အဆင့်အထက်ရှိသော ငလျင်များ မကြာခဏ လှုပ်ရှားခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်က ပြင်ဦးလွင်မြို့အနီး ဗဟိုပြု၍လှုပ်ခဲ့သည့် ရစ်ခ်ျတာစကေး ၅ အဆင့်ရှိ ငလျင်ကြောင့် စစ်ကိုင်းမြို့တွင် ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment