Pages

Tuesday, December 23, 2014

မြို့တော်ခန်းမ ထွက်ပေါက်ရှိ မိကျောင်းကန် သပိတ်စခန်းကို ဖြိုခွဲ၊ ၁၄ ဦး ဖမ်းဆီးခံရ

RangonNewsDaily:: December . 23 .2014
ရန်ကုန်မြို့လယ်က မြို့တော်ခန်းမ ထွက်ပေါက်ကို ပိတ်ဆို့ဆန္ဒပြနေကြတဲ့ မိကျောင်းကန် သပိတ်စခန်းကို အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့၊ တပ်စည်ပင်နဲ့ အရပ်သား အင်အား ၁၀၀ နီးပါးက ဒီနေ့ မနက် ခြောက်နာရီ ဝန်းကျင်မှာ ဝင်ရောက်ဖြိုခွဲခဲ့ပြီး ဆန္ဒပြသူ ၁၄ ဦး ဖမ်းဆီးခံရတယ်လို့ မိကျောင်းကန် သပိတ်စခန်းမှာ ဆန္ဒပြနေတဲ့ ဒေါ်စောစန္ဒာက ပြောပါတယ်။
သပိတ်စခန်းအတွင်းရှိ အမျိုးသမီး ၁၁ ဦးနဲ့ အမျိုးသားသုံးဦးကို ဖမ်းဆီးသွားပြီး သပိတ်စခန်းရှိ ဗီနိုင်းတွေနဲ့ အမိုးအကာတွေကို ဖြိုဖျက်ခဲ့ပြီးနောက် အဲဒီနေရာမှာ သံဆူးကြိုးတွေ ကာရံလိုက်တယ်လို့ သူက ဆိုပါတယ်။

သပိတ်စခန်း ဖြိုခွဲခံရမှုကြောင့် မဟာဗန္ဓုလပန်းခြံဘေးမှာ ရှိတဲ့ သပိတ်စခန်းက ဆန္ဒပြနေသူတွေ မြို့တော်ခန်းမ ထွက်ပေါက်ရှေ့ကို ရောက်ရှိလာပြီး ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တယ်လို့လည်း ဒေါ်စောစန္ဒာက ပြောဆိုပါတယ်။
::
ဖမ်းဆီးထားရသူ ၁၄ ဦးကို ဒဂုံမြို့မ ရဲတပ်ဖွဲ့စခန်းမှာ ထိန်းသိမ်းထားပြီး ကျောက်တံတားမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်မှာ ဖြစ်တာကြောင့် အဲဒီတရားရုံးအနီးမှာ ရဲအင်အားအပြည့် လုံခြုံရေး ယူထားပါတယ်။
::
ယမန်နေ့က မြို့တော်ခန်းမအတွင်းမှာ ဖမ်းဆီးခံရသူ အမျိုးသမီး ၁၁ ဦးအနက် သုံးဦးနဲ့ ရဲတပ်ဖွဲ့တို့ဟာ မီဒီယာရှေ့မှာ တွေ့ဆုံဆွေးနွေးခဲ့စဉ်က ဆန္ဒပြသူတွေဟာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပြစ်မှုပုဒ်မ ၃၄၁ နဲ့ အမှုဖွင့်ထားပေမယ့် ဆန္ဒပြသူတွေကို ဖမ်းဆီးမှာ မဟုတ်ဘူးလို့ ရဲတပ်ဖွဲ့ဘက်က ပြောဆိုခဲ့ပါတယ်။

The Voice ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment