Pages

Tuesday, December 23, 2014

မိကျောင်းကန်သပိတ်စခန်းက ဆန္ဒပြသူ ၁၄ ဦး အာမခံရရှိ.


RangonNewsDaily:: December . 23 .2014
ရန်ကုန် မြို့တော်ခန်းမရှေ့ အပေါက်ဝကို ပိတ်ဆို့ဆန္ဒပြနေတဲ့ မိကျောင်းကန်သပိတ်စခန်းက ဆန္ဒပြသူ ၁၄ ဦးကို ကျောက်တံတားမြို့နယ် အနောက်ပိုင်းခရိုင်တရားရုံးမှာ တရားမဝင် လူစုဝေးမှု ပုဒ်မ ၁၄၃၊ မတရားတားဆီးကန့်ကွက်မှု ပုဒ်မ ၃၄၁ တို့အပြင် တရားမဝင်စီတန်းလှည့်လည်ခြင်း
ဆိုင်ရာ ပုဒ်မ ၁၈ နှစ်မှုနဲ့ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။
အဲ့ဒီ ၁၄ ဦးကို ဒီနေ့မနက်ပိုင်းက ဒဂုံမြို့နယ်ရဲစခန်းက ကား ၂ စီးနဲ့ လာရောက်ဖမ်းဆီးခဲ့သလို နေ့လည်ပိုင်းက အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး ကိုယ်တိုင်ခံဝန်နဲ့ ပြန်
လွှတ်ပေးခဲ့ပါတယ်။

Photo: Nay Myo Tun
RFA ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment