Pages

Saturday, November 1, 2014

ဟစ်ဟော့ပ်အဖွဲ့ Young Fathers မထင်မှတ်ဘဲ Mercury ဆုဆွတ်ခူး


RangonNewsDaily:: November . 1 .2014
ဟစ်ဟော့ပ် ဂီတအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ Young Fathers ဟာနာမည် ကျော် အနုပညာရှင်တွေကို ကျော် လွန်ကာ Mercury Prize ကို မထင် မှတ်ဘဲ ဆွတ်ခူးရရှိခဲ့ပါတယ်။
Young Fathers အဖွဲ့ဟာ တန်ဖိုးငွေ ပေါင် ၂ဝ,ဝဝဝ (ဒေါ်လာ ၃၂,ဝဝဝ)ရှိတဲ့ ဆုကို ဆွတ်ခူးခဲ့ခြင်း ဖြစ်ပါတယ်။ ထိုဆုဟာ အကောင်းဆုံးဗြိတိန် သို့မဟုတ် အိုင်းရစ်အယ်လ်ဘမ်တွေ အတွက် ချီးမြှင့်ခြင်း ဖြစ်ပါတယ်။

Young Fathers ရဲ့ ပထမဆုံးထွက် ရှိတဲ့ Dead အယ်လ်ဘမ်ဟာ အချပ် ရေ ၂၄ဝဝ အောက်သာရောင်းချနိုင် ခဲ့ပေမယ့် သူတို့ရဲ့ အနုပညာစွမ်းရည် တွေကြောင့် ထိုဆုကို ဆွတ်ခူးခြင်းဖြစ် ပါတယ်။

''Young Fathers ဟာ ဗြိတိန် ဂီတလောကကို ပြိုင်ဘက်ကင်းတဲ့ အရည်အသွေးတွေ ယူဆောင်လာ ခဲ့တယ်''ဟု အကဲဖြတ်အဖွဲ့ဝင် ဆိုင် မွန်ဖရစ်က ပြောခဲ့ပါတယ်။

Young Fathers အဖွဲ့ သီဆိုတဲ့ ဟစ်ဟော့ပ် တေးသီချင်းများအား သာမန်ပုံစံ မဟုတ်ဘဲ ပုံစံသစ်များဖြင့် ဖန်တီး ထားခဲ့ပါတယ်။

''တချို့ ဂီတအဖွဲ့ တွေဟာ သူတို့အားကျအတုယူရတဲ့ အနုပညာရှင်တွေဆီက ပညာတွေ ကို အတုယူပြီး ရိုးရှင်းတဲ့ဂီတဖန်တီး ကြတယ်။ ကျွန်တော်တို့ကတော့ ဒီ ပုံစံတွေက ကွဲထွက်အောင် ဘယ်လို လုပ်ရမလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ခဲ့တယ်''ဟု အဖွဲ့ဝင် ဟက်စ်တင်းက ပြောခဲ့ပါတယ်။ သူတို့ ဟာ အယ်လ်ဘမ်သစ်အတွက် ဘာ လင်မှာ တစ်လခန့် သွားနေကြဖို့ စီစဉ်နေကြပါတယ်။

Ref:AFP, Yangon Media , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment