Pages

Saturday, November 1, 2014

ထိပ်သီးတွေ့ဆုံမှု ရလာဘ်မထွက်၊ စစ်တပ်သဘောထား...မအံ့သြတော့ကြောင်း ဒေါ်စု ပြောကြား


RangonNewsDaily:: November . 1 .2014
မြန်မာအစိုးရ၊ လွှတ်တော်နဲ့ စစ်တပ်ကခေါင်းဆောင်တွေနဲ့ ကျင်းပခဲ့တဲ့ ဒီတွေ့ဆုံမှုဟာ သူတောင်းဆိုထားတဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးလို့ မခံစားမိတဲ့အကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၃၁ရက်နေ့ ဆွေးနွေးပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဘောထားအပေါ် သူ့အနေနဲ့ မအံ့သြတဲ့အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ သဘောထားက ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရာမှာ သတ်မှတ်ထားတဲ့ ပုဒ်မ ၄၃၆အတိုင်းပဲ ပြင်ဆင်ဖို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာသမ္မတက ဖိတ်ကြားတဲ့ ဒီဆွေးနွေးမှုဟာ ထိပ်တန်းလျှို့ဝှက်ချက်ဆိုပြီး ပြောထားတာကြောင့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နဲ့ မတိုင်ပင်ခဲ့ရဘူးလို့ ပြောပါတယ်။

နောက်တစ်ကြိမ် ထပ်ဆွေးနွေးဖို့ သဘောတူခဲ့ကြပေမယ့် ဘယ်တော့ကျင်းပမယ်ဆိုတာ မပြောခဲ့ဘူးလို့ ဆိုပါတယ်။
::
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူတို့အနေနဲ့ လေးပွင့်ဆိုင်ထက်စာရင် အခုလို နိုင်ငံရေးအင်အားစု ၅စု တွေ့ဆုံဖို့ကို ပိုပြီးလိုလားတယ်လို့ ဆိုပါတယ်။
::
ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ လွှတ်တော် နာယက၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုခဲ့ပေမယ့် သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့က ပယ်ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းနဲ့ ဆွေးနွေးမယ့်အစား အခြားနိုင်ငံရေးအင်အားစုတွေကိုပါ ထည့်သွင်းပြီး အင်အားစု ၅စု တွေ့ဆုံဖို့ ပြင်ဆင်ခဲ့ပါတယ်။

Kamayut ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment