Pages

Saturday, November 1, 2014

ကော်သူးလေ တပ်မတော်ကို စောဘဦးကြီး၏ မူလေးချက်ပေါ်တွင် ရပ်တည်ဖွဲ့စည်းမည်

RangonNewsDaily:: November . 1 .2014
ကော်သူးလေတပ်မတော် (KAF) ဖွဲ့စည်းခြင်း အစည်းအ ဝေးအပြီးတွင် KAF ကို ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအားလုံး ပါဝင်သော ဦး ဆောင်မှုဖြင့် တည်ဆောက်သွား ကြရန်နှင့် ကရင်အမျိုးသားခေါင်း ဆောင် စောဘဦးကြီး၏ မူ လေးချက်ပေါ်တွင် ရပ်တည်ဖွဲ့ စည်းသွားကြမည်ဖြစ်ကြောင်း သ ဘောတူညီမှု ရရှိခဲ့သည်။
ထို့အပြင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုကော် မတီ အရေးပေါ်အစည်းအဝေးက KAF ဖွဲ့စည်းခြင်းကို မူအ ရ သဘောတူလက်ခံပြီး DKBA အနေဖြင့်လည်း KAF ဖွဲ့စည်းခြင်းကို အကြွင်းမဲ့သဘောတူညီ လက် ခံသည်ဟု ဆုံးဖြတ်ကြောင်း ထုတ် ပြန်ကြေညာသည်။

ယင်းထုတ်ပြန်ချက်တွင် KAFသည် ငြိမ်းချမ်းရေးရရှိရန်နှင့် ဒီမို ကရေစီ ဖက်ဒရယ်ပြည်ထောင်စု စနစ် ပေါ်ထွန်းရေးအတွက် တိုင်း ရင်းသား ပြည်သူလူထု၊ ပြည် တွင်း ပြည်ပ ဒီမိုကရေစီအင်အား စုများနှင့် ပူးပေါင်းလုပ်ဆောင် သွားရန် သဘောတူညီကြောင်း ဖော်ပြထားသည်။
::
KAF ဖွဲ့စည်းခြင်း အစည်း အဝေးကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ဌာန ချုပ် ဆုံဆည်းမြိုင်တွင် အောက် တိုဘာ ၂၉ ရက်မှစတင်၍ နှစ်ရက်ကြာပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ KNU၊ KUN/KNLA-PC ၊ DKBA နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
::
သို့သော် KAF ဖွဲ့စည်းခြင်း သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့သည့် PC မှ ထုတ်ပယ် ထားသော ဗိုလ်မှူးကြီးတိုက်ဂါး၊ KNU ဒုစစ်ဦးစီးချုပ်နှင့် KNDO ဦးစီးချုပ်တို့ တက်ရောက်ခဲ့ခြင်း မရှိပေ။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment