Pages

Saturday, November 1, 2014

" MPT ဆင်းကတ် ပျောက်ဆုံး လျှောက်ထားခနှုန်း မလျှော့ချ"

RangonNewsDaily:: October . 31 .2014
ကျပ်ထောင့်ငါးရာတန် ဖုန်းများအပြိုင်အဆိုင် ပေါ်ပေါက်နေသော်လည်း MPT ဆင်းကတ် ပျောက်ဆုံးလျှောက်ထားခနှုန်းထား လျှော့ချမှုမရှိသလို ပွဲစားဈေး ကွက်မှာ လည်း မြင့်တက်လျက် ရှိနေကြောင်း အဆိုပါ ဈေးကွက်မှ သိရသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်း ဖုန်းဆင်းကတ်များ ပျောက်ဆုံးမှုကို ကျပ်ငါးသိန်းဖုန်းများ ပေါ်ပေါက်သည့် ကာလ၌ သတ်မှတ်သည့် နှုန်းအတိုင်း ကျပ် နှစ် သောင်းနှုန်းဖြင့် ကောက် ခံလျက်ရှိနေပြီး ကျပ်တစ်ထောင့်ငါးရာ ဆင်းကတ်ပျောက်ဆုံးမှုကိုလည်း ယင်းနှုန်းအတိုင်းသာ ဆက်လက် ကောက်ခံ ကာ လျှော့ ချပေးခြင်း
မရှိသေးပေ။


”သမ္မတ လက်ထက်ရောက်နေပြီ။ ပြောင်းလဲမှုတွေ ရှိနေပေမယ့် MPT ရဲ့ ကတ်ပျောက် လျှောက်ထားခကတော့ ခုအချိန်အထိ မပြောင်းလဲသေးဘူး။ လုပ်လို့ရလို့ လုပ်နေ တာ။ သုံးစွဲသူတွေ အပေါ်ညှာတာသင့်နေပါပြီ” ဟု ပုဇွန်တောင်မြို့နယ်မှ ဆင်းကတ်ပျောက်ဆုံးမှု ပြန်လည်လျှောက်ထားသူ ကိုချစ်ကိုက ပြောသည်။
::
ကတ်ပျော က်လျှောက်ရာတွင်လည်း ပွဲစားများမှ တစ်ဆင့် လျှောက်ထားမည်ဆိုပါက ပွဲစားခ ကျပ် ရှစ်ထောင်ပိုကျမည်ဖြစ်ပြီး ယင်းနှုန်းထားမှာ တစ်လုံးချင်းဈေးနှုန်းဖြစ်ကြောင်း၊ ယ ခင်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ကြောင်း အလုံ ဆက်သွယ်ရေးရုံးအတွင်းရှိ ဖုန်းပွဲစား ကိုမင်းအောင်က ပြောသည်။

”အရင်လို အလုံးအများကြီးယူပြီး လျှောက်ပေးလို့မရတော့ဘူး။မှတ်ပုံတင်တစ်ခုကို တစ်ယောက်နှုန်းပဲ လုပ်ခွင့်ပေးတော့ အခုလိုဈေးပိုတောင်းရတာပါ” ဟု ၎င်းက ဆက်ပြောသည်။
::
လက်ရှိတွင် ဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် Telenor နှင့် Ooredoo ဖုန်းကုမ္ပဏီ
များတွင် ဖုန်းဆင်းကတ်များကို ကျပ် ၁၅ဝဝ ဖြင့်ရောင်းချရာ၌ တူညီမှုရှိသော်လည်း ခေါ်
ဆိုခနှုန်းများမှာ မတူညီသလို ဖုန်းဆင်းကတ် ပျောက်ဆုံးမှု ပြန်လည် လျှောက်ထားခနှုန်းထားမှာ
လည်း မတူညီကြောင်း သိရသည်။

အင်တာနက် သုံးစွဲမည်ဆိုပါကလည်း Telenor နှင့် Ooredoo မှာ ရောင်းချသည့်ဆင်းကတ်များ
တွင် တစ်ပါတည်းထည့်သွင်းပေးထားပြီး အင်တာနက်သုံးစွဲခကို Data စနစ်ဖြင့် ကောက်ခံသော်
လည်း MPT ဆင်းကတ်များမှာ အင်တာနက်သုံးစွဲရန်အတွက် ငွေကျပ်တစ်သောင်း ထပ်မံပေး
သွင်းရဆဲ ဖြစ်ကြောင်း အင်တာနက်သုံးစွဲခကို GSM ၁ မိနစ် ၂ ကျပ်၊ WCDMA နှင့် CDMA 800 MHz မိနစ် ၄ ကျပ် ကောက်ခံလျက်ရှိကြောင်း သိရသည်။
::
အဆိုပါ ဖုန်းဆင်းကတ်လျှောက်ထားခနှင့် အင်တာနက် သုံးရန် လျှောက်ထားခများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ အရာရှိတစ်ဦးက လတ်တလောအနေဖြင့် ယင်းစနစ်များကို လျှော့ချရန် မရှိသေးကြောင်း၊ လျှော့ချပါက ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပြောသည်။

Popular Myanmar ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment