Pages

Thursday, November 13, 2014

ရခိုင်ပြည်နယ်၏ လက်ရှိ အခြေအနေအား ဘန်ကီမွန်းထံ တင်ပြမည်

RangonNewsDaily:: November . 13 .2014
အာဆီယံ ထိပ်သီး အစည်းအဝေးသို့ လာရောက်မည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ ရခိုင် ပြည်နယ်၏ လက်ရှိ အခြေအနေကို တင်ပြ သွားမည်ဟု ရခိုင် ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောဆို ခဲ့ကြောင်း ကမန် အမျိုးသား တိုးတက်ရေး ပါတီမှ သတင်း ရရှိသည်။ 
အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ယမန်နေ့က ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း ရန်ကုန်မြို့သို့ ရောက်ရှိ လာပြီး ရန်ကုန် လေဆိပ်၏ VIP ခန်းမတွင် ၀န်ကြီးချုပ်နှင့် ကမန် အမျိုးသား တိုးတက်ရေး ပါတီမှ ခေါင်းဆောင် များနှင့် တွေ့ဆုံခဲ့စဉ် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ကမန် အမျိုးသား တိုးတက်ရေး ပါတီမှ သိရသည်။

ဝန်ကြီးချုပ် ကတော့ လူ့အဖွဲ့အစည်း နှစ်ခုကြား ဖြစ်ပွားခဲ့တဲ့ ပြဿနာဟာ ဘာသာရေး ပြဿနာ မဟုတ်ဘူး။ လက်ရှိ ရခိုင်ပြည်နယ်ရဲ့ အခြေအနေ လူမှုရေး စီးပွားရေး အခြေအနေကို ဘန်ကီမွန်းကို တင်ပြမယ်လို့ ပြောတယ်။
::
ဝန်ကြီးချုပ်ရဲ့ နိုင်ငံခြား ခရီးစဉ်တွေ မှာလည်း ရခိုင် ပြည်နယ် ရဲ့အခြေအနေ အားလုံးကို ရှင်းပြလို့ တော်တော် များများက သဘောပေါက် သွားတယ်လို့ ပြောတယ် ဟု ကမန် အမျိုးသား တိုးတက်ရေး ပါတီမှ အတွင်း ရေးမှူး ဦးတင်လှိုင်ဝင်းက The Messenger Media သို့ပြောသည်။

ရခိုင် ပြည်နယ်ရှိ မြို့ကြီး အချို့တွင် လူ့ အဖွဲ့အစည်း နှစ်ခုကြား ဖြစ်ပွားခဲ့သော ပဋိပက္ခ များကြောင့် လူတချို့ သေဆုံးခဲ့ပြီး ဘာသာရေး အဆောက်အအုံများ၊ လူနေအိမ်များ ပျက်စီးခဲ့သည်။ ထို့ပြင် လက်ရှိ အချိန်တွင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ စစ်တွေမြို့ တို့တွင်လည်း ပဋိပက္ခ များကြောင့် အတိ ဒုက္ခ ရောက်ခဲ့သည့် လူများ ကိုလည်း ဒုက္ခသည် စခန်းများ ဖွင့်လှစ်၍ ကူညီ ကယ်ဆယ်ပေးရေးနှင့် ပြန်လည် ထူထောင်ရေးများ ဆောင်ရွက်လျက် ရှိသည်။
::
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပြဿနာ များကြောင့်လည်း နိုင်ငံတကာမှ လူမှု အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ ကပါ လာရောက်၍ အကူအညီများ ပေးနေပြီး ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများ ကလည်း ကြေညာချက်များ မကြာ ခဏ ထုတ်ပြန်လေ့ ရှိသည်။
::
နိုင်ငံတကာမှ နိုင်ငံခေါင်းဆောင်များ တက်ရောက်မည့် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲအား ယခုလ (၁၂) ရက်နေ့မှ (၁၃) ရက်နေ့ အထိ နေပြည်တော်တွင် ကျင်းပမည် ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲသို့ အမေရိကန် သမ္မတ ဘားရတ် အိုဘားမားလည်း တက်ရောက် မည်ဖြစ်သည်။

Messenger News ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment