Pages

Thursday, November 13, 2014

မြောက်ဥက္ကလာပမြို့နယ်တွင် တပ်မတော်အရာရှိဟန်ဆောင်သူ အမျိုးသားအား အရေးယူ

Thursday :- 13 : November :- 2014
၁၁.၁၁.၂၀၁၄ရက်နေ့ ၁၃၃၀ အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ မိဂဒါ
ဝုန်ကျောင်းတိုက်သို့ ဒုတိယဗိုလ်မှူးကြီးအဆင့်တံဆိပ်ပါ တပ်မတော်ယူနီဖောင်းကိုဝတ်ဆင်
ထားသည့် အမျိုးသား တစ်ဦးရောက်ရှိလာပြီး ၎င်းမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်
မှူးကြီး စိုးမိုးအောင်ဖြစ်ကြောင်း၊ ကျောင်းထိုင်ဆရာတော်အားလာရောက်ဖူးမျှော်ခြင်းဖြစ်ကြောင်း
ပြောဆိုခဲ့ပါသည်။
၎င်း ဒုတိယဗိုလ်မှူးကြီး စိုးမိုးအောင်ဆိုသူအား ကျောင်းအကျိုးတော်ဆောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့်ရဲကင်းမှရဲတပ်ဖွဲ့ဝင်တို့က မသင်္ကာဖွယ်တွေ့ရှိရ၍ ရဲစခန်းသို့ပို့အပ်ခဲ့ပြီး စစ်ဆေးခဲ့
ရာ ၎င်းသည်မြောက်ဥက္ကလာပမြို့နယ်နေ အငှားယာဉ်မောင်းလုပ်ကိုင်သူ စိုးမိုးအောင် (၂၃)နှစ်ဖြစ်
ပြီး လူအများအထင်ကြီးစေရန်အတွက် ယင်းကဲ့သို့ ယူနီဖောင်းအားဝတ်ဆင်အသုံးပြုခဲ့ခြင်း
ဖြစ်ကြောင်း သိရှိရပါသည်။
::
ယင်းသို့ စစ်ဝတ်တန်ဆာများကို ဝတ်ဆင်အသုံးပြုသူ စိုးမိုးအောင်အားမြောက်ဥက္ကလာ
ပမြို့မ ရဲစခန်း(ပ)၇၅၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၁၄၀ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment