Pages

Thursday, November 13, 2014

အမေရိကန် သမ္မတ ဘားရတ်အိုဘားမား စီးနင်းလိုက်ပါလာသည့် Air Force One လေယာဉ် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာ ၁၂ရက် ည၇နာရီ ၅၀မိနစ်ခန့်က ဆိုက်ရောက်


RangonNewsDaily:: November . 13 .2014
အမေရိကန် သမ္မတ ဘားရတ်အိုဘားမား စီးနင်းလိုက်ပါလာသည့် Air Force One လေယာဉ်
သည် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာ ၁၂ရက် ည၇နာရီ ၅၀မိနစ်ခန့်က ရောက်ရှိလာပြီး နိုဝင်ဘာ ၁၃ရက်တွင် ၂၅ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး
တက်ရောက်ကာ နိုဝင်ဘာ ၁၄ရက်တွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်
စိန်ရတုခန်းမတွင် မိန့်ခွန်းမည်ဖြစ်သည်။ 
ယင်းနောက် အမေရိကန်သံရုံး၌ အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်မူ နေအိမ်၌ တွေ့ဆုံမည်ဖြစ်သည်။

သမ္မတ အိုဘားမားသည် ၎င်း၏ ပထမအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်ကို ၂၀၁၂ခုနှစ် နိုဝင်ဘာက ရောက်ရှိခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်သည်။

KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment