Pages

Thursday, November 13, 2014

ရွှေပြည်သာ ပတ္တမြားဈေးရှိရွှေဆိုင်တစ်ဆိုင်ဆိုင်ခင်းရန်ပြင်ဆင်နေချိန်အလစ်သုတ်မှု ယနေ့မနက် ပိုင်းကဖြစ်ပွား

RangonNewsDaily:: November . 13 .2014
ရွှေပြည်သာမြို့နယ် ပတ္တမြားဈေးရှိ ရတနာဖူးရွှေဆိုင်တွင် ယနေ့မနက်ပိုင်းကအလစ်သုတ်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ ရွှေဆိုင်မှာ မနက်ပိုင်းဆိုင်ခင်းရန်ပြင်ဆင်နေချိန်တွင်ရွှေထည်ပစ္စည်းထည့်ထားသည့် ကော်ပုံးကို အမည်မသိသူက အလစ်သုတ်ခိုးယူသွားခဲ့ခြင်းဖြစ်သည်။

''ဆိုင်ရှင် က ဈေးခင်းနေရာကနေ အိမ်ထဲခဏ၀င်ပြီး ပြန်ထွက်လာတော့ပစ္စည်းတွေပျောက်သွား
တယ်''ဟုရွှေပြည်သာမြို့မရဲစခန်းမှုးကပြောသည်။ရွှေပြည်သာ ရဲ က လက်ရှိတွင်ကျုးလွန်သူကို ဖမ်းဆီးနိုင်ရန်ဆောင်ရွက်နေသည်ဟု၎င်းကပြောသည်။
::
ဆုံးရှုံးမှုတန်ဖိုးသည်ကျပ်၂၅သိန်းခန့်ရှိသည်။ယခုအမှုသည် အောက်တိုဘာလ၁၃ရက်နေ့က
ရန်ကုန်မြို့လယ်ခေါင် ၂၂လမ်းရှိ တိုင်အုံရွှေဆိုင်ကို အသက်၂၀ကျော်လူငယ်တစ်ဦးက လုယက်မှု
ကျုးလွန်ခဲ့ပြီးနောက် ထပ်မံဖြစ်သွားသောအမှုတစ်ခုဖြစ်သည်။

Popular Myanmar ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment