Pages

Saturday, October 4, 2014

MPT ဆင်းမ်ကတ်ဝယ်ရန် နေရာရောင်းစားသော ဈေးကွက်ဖြစ်ပေါ်


RangonNewsDaily:: October . 3 .2014
မြန်မာ့ဆက်သွယ်ရေး ဖုန်းဆင်းမ်ကတ်များ ရောင်းချ ပေးရာတွင် ညလုံးပေါက်တန်းစီ စောင့်ဆိုင်းသူများက ဦးထား သည့်နေရာများကို တစ်ဆင့်ပြန် လည်ရောင်းချမှုများ ပေါ်ပေါက် နေကြောင်း သတင်းရရှိသည်။
‘‘မနက် ၂ နာရီကတည်းကလာတန်းစီကြတဲ့ လူတွေက မိုးလင်းတော့ နေရာကောင်းကို သုံး ထောင်၊ ငါးထောင်ဆိုပြီး ပြန်ရောင်းနေကြတာ’’ ကမာရွတ်မြို့နယ် ဂျန်းရှင်းစကွဲဈေးဝယ်စင်တာရှေ့တွင် အမ်ပီတီဆင်းမ်ကတ်ဝယ်ယူရန် လာရောက်တန်းစီသူတစ်ဦးက ပြောသည်။

ဖုန်းကတ်တန်ဖိုးမှာ ၁၅၀၀ ကျပ်ဖြစ်သော်လည်း တန်းစီသည့်နေရာများအား ပြန်လည် ရောင်းချဈေးက ပိုများသဖြင့် အမှန် တကယ်ဖုန်းကတ်လိုချင်သူထက် မှောင်ခိုရောင်းချလိုသူများသာ ဖြစ်နိုင်ကြောင်း လှိုင်သာယာမြို့ နယ်မှ ကမာရွတ်မြို့နယ် ဂျန်းရှင်း စကွဲဈေးဝယ်စင်တာတွင် ဆင်းမ် ကတ်လာရောက်တန်းစီ ၀ယ်ယူ သူ အမျိုးသားတစ်ဦးက ဆိုသည်။

ညအိပ်ကာ ကြိုတင်တန်းစီး ၍ နေရာများ ပြန်လည်ရောင်းမှု မှာ ပန်းဆိုးတန်းနှင့် ရွှေဂုံတိုင်မြို့ နယ်ရှိ အမ်ပီတီဆင်းမ်ကတ် ရောင်းချရာ နေရာအချို့တွင် လည်း ဖြစ်ပွားခဲ့ကြောင်း အမ်ပီ တီဆင်းမ်ကတ်များကိုယ်စား လှယ်အဖြစ် ပြန်လည်ရောင်းချ ခွင့် ရရှိထားသည့် E-Lite မှ အရောင်းဝန်ထမ်းတစ်ဦးက ပြော သည်။

‘‘လူအရမ်းများလာတယ်။ တိုးဝှေ့ကြတယ်။ ရဲတွေနဲ့လုံခြုံ ရေးတွေလည်း ထိန်းလို့ကို မရ တော့ ဖုန်းကတ်ထုပ်ကိုကိုင်ပြီး ရောင်းတဲ့အချိန် ဘာလုပ်ရမှန်းကို မသိတော့ဘူး’’ဟု အထက်ပါဝန် ထမ်းက ၎င်း၏အခက်အခဲကို ပြောသည်။

အမ်ပီတီဆင်းမ်ကတ်များ ကို စက်တင်ဘာ ၁ ရက်မှစ၍ လက်လီအရောင်းဆိုင်များတွင် စတင်ရောင်းချပေးခဲ့ပြီး ၂၀၁၄ နှစ်ကုန်တွင် ဆင်မ်းကတ်ပေါင်း ငါးသန်းအထိ ရောင်းချပေးသွား ရန် ရည်ရွယ်ထားသည်။ သို့ သော် လက်ရှိတွင် ဆိုင်အနည်း ငယ်၌သာ ၀ယ်ယူ၍ရပြီး လိုအပ်သလောက် မရနိုင်သေးပေ။ မှောင်ခိုဈေးကွက်များ ဖြစ်ပေါ် နေသော အရောင်းဆိုင်အချို့တွင် ဆင်းမ်ကတ်တစ်ခုလျှင် ဈေးအများဆုံး ကျပ် ၂၅,၀၀၀ အထိ ဈေးတင် ရောင်းချမှုများရှိသည်။

လက်ရှိတွင် အမ်ပီတီ ဆင်းမ်ကတ်များကို နိုင်ငံတစ်ဝန်း ရှိ မြို့နယ်ပေါင်း ၂၄၀ ကျော်တွင် အရောင်းကိုယ်စားလှယ် တစ် သောင်းကျော်ဖြင့် ဖြန့်ချိရောင်းချ ပေးလျက်ရှိပြီး ဈေးကွက်လိုအပ် ချက်ပေါ်မူတည်၍ ထပ်မံတိုးချဲ့ သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေး၏ နောက်ဆုံးသတင်းထုတ်ပြန်ချက် အရ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် မေလအထိ နိုင်ငံတစ်ဝန်းတွင် မိုဘိုင်းဖုန်းအလုံးရေ ကိုးသန်း ကျော်အထိ ရောင်းချပေးခဲ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။

7daydaily., 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment