Pages

Saturday, October 4, 2014

ရုရှားနှင့် အိန္ဒိယစစ်တပ်တို့ ၆ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှု အဆုံးသတ်


RangonNewsDaily:: October . 4 .2014
ရုရှားနဲ့ အိန္ဒိယစစ်တပ်ဟာ ရုရှားနိုင်ငံ ဗော်လ်ဂိုဂရက်ဒေသမှာ လုပ်နေတဲ့ ၆ ရက်ကြာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၂ ရက်နေ့က အဆုံးသတ်လိုက်ပါတယ်။
စစ်သားတွေဟာ ရုရှားစစ်ကားတွေနဲ့ လက်နက်တွေကို စစ်ဆေးတာ ရဟတ်ယာဉ်ပေါ်ကနေ ခုန်ဆင်းတာတွေ လေ့ကျင့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ၉နဲ့ ၃၀ ရက်နေ့မှာ စစ်သားတွေက မြို့တွင်း အကြမ်းဖက်မှု တုံ့ပြန်ရေးနဲ့ သိမ်းပိုက်ခံမြို့တွေ ပြန်ရရေး လေ့ကျင့်ခန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှု နောက်ဆုံးနေ့မှာတော့ ရဟတ်ယာဉ်တွေ၊ စစ်ဘက်ဆိုင်ရာ ယာဉ်တွေနဲ့ တင့်ကားတွေ ပါဝင်လေ့ကျင့်ခဲ့ပါတယ်။နှစ်ဖက်လုံးက စစ်အရာရှိတွေကတော့ ဒီသင်တန်းကနေ အများကြီး ရခဲ့တယ်လို့ ပြောပါတယ်။

အိန္ဒိယဟာ သူရဲ့ စစ်လက်နက်ပစ္စည်းတွေအတွက် ရုရှားနိုင်ငံအပေါ် အများကြီး မှီခိုနေရတာပါ။

ရုရှားနဲ့ အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ၂၀၀၃ ခုနှစ်က စတင်ခဲ့ပြီး ၂ နှစ် ၁ကြိမ် အိန္ဒိယနဲ့ ရုရှားနိုင်ငံတွေမှာ တလှည့်စီ လေ့ကျင့်ကြပါတယ်။

DVB , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment

 
world time