Pages

Saturday, October 4, 2014

တိုးရစ်နှစ်ဦးကို သတ်မှု၊ မုဒိမ်းကျင့်မှု နဲ့ မြန်မာနှစ်ဦးကို ထိုင်းရဲ စွဲချက်တင်


RangonNewsDaily:: October . 3 .2014
ထိုင်းနိုင်ငံတောင်ပိုင်းအပန်းဖြေကျွန်းကိုလာရောက်လည်ပတ်တဲ့ ဗြိတိန်နိုင်ငံသားတိုးရစ်နှစ်ဦးကို သတ်မှု၊ အမျိုးသမီးတိုးရစ်ကို မုဒိမ်းကျင့်မှုတွေနဲ့ မြန်မာနိုင်ငံသားအမျိုးသားနှစ်ဦးကို ထိုင်းရဲကဒီကနေ့ စွဲချက်တင်လိုက်ပါတယ်။
အဆိုပါမြန်မာအမျိုးသားနှစ်ဦးဟာ တရားမ၀င်ပြောင်းရွှေ့အလုပ်သမားတွေဖြစ်ကြပြီး ဒေးဗစ်မေလာ(၂၄)နှစ် နဲ့ ဟန်နာဝှစ်သာရစ်ခ်ျ (၂၃နှစ်) တို့ကို သတ်ခဲ့တယ်လို့ ၀န်ခံထွက်ဆိုခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကအစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

တရားခံတွေကို ၀င်း (၂၁နှစ်) နဲ့ စော (၂၃နှစ်) လို့သာ ဖော်ပြခဲ့ပါတယ်။ ၄င်းတို့မုဒိမ်းကျင့်ခဲ့တယ်လို့ဆိုတဲ့ အမျိုးသမီးတိုးရစ်ရဲ့ အလောင်းမှာတွေ့ရတဲ့ ဒီအင်န်အေနဲ့ ၄င်းတို့နှစ်ဦးရဲ့ ဒီအင်န်အေဟာ ကိုက်ညီမှုရှိတယ်လို့လည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
::
ယင်းလူသတ်မှုစွဲချက်ဟာ သေဒဏ်ပြစ်ဒဏ် အထိကျခံရနိုင်ပါတယ်။ ယင်းအမှုအတွက် မြန်မာ
၃ဦးကို ကြာသပတေးနေ့က ဖမ်းဆီးခဲ့တာလို့ဆိုပြီး ကျန်တစ်ဦးကတော့ အမှုရဲ့မျက်မြင်
သက်သေလို့ ယူဆရကာ သူ့ကို ထိုင်းရဲတပ်ဖွဲ့က အကာအကွယ်ပေးတဲ့အနေနဲ့စောင့်ရှောက်
ထားတယ်လို့ သိရပါတယ်။

အဆိုပါဗြိတိန် တိုးရစ်စုံတွဲရဲ့အလောင်းကို စက်တင်ဘာ၁၅ ရက်နေ့က ထိုင်းတောင်ပိုင်း ခိုတောင်အပန်းဖြေကျွန်းမှာ ဖူးရောင်ဒဏ်ရာတွေ နဲ့ အတူ ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ တရားခံဆိုသူနှစ်ဦးကတော့ လူသတ်မှုကျူးလွန်ရာမှာ သစ်သားချောင်းတစ်ချောင်း နဲ့ ပေါက်ပြားတစ်လက် ကို အသုံးပြုခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
::
လူသတ်မှုကျူးလွန်တဲ့ပုံစံကို ပြန်လည်သရုပ်ပြရာနေရာမှာ လာရောက်ကြည့်ရှုသူအများအပြားရှိခဲ့ပြီး တရားခံဆိုသူနှစ်ဦးကို ရဲအရာရှိတွေရဲ့ အစောင့်အရှောက်နဲ့အတူ ကျည်ကာအင်္ကျီ တွေ၊ ဟဲလ်မက်ဦးထုပ်တွေ ၀တ်ဆင်လျက်သား တွေ့ရပါတယ်။
::
ပုံစာ။ ။ လက်ထိပ်ခတ်ခံထားရတဲ့ ဟဲလ်မက်ဦးထုတ်အဖြူရောင်ဆောင်းထားသူ တရားခံဆိုသူနှစ်ဦးက လူသတ်မှုဖြစ်စဉ်ကို ပြန်လည် သရုပ်ပြနေစဉ်။ 

( မူရင်းပုံ .. Reuters )
Ref: AFP , Kumudra ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment