Pages

Saturday, October 4, 2014

ကမ္ဘာ့ပေါ်တွင် လူဦးရေ ၇ ဘီလီယံကျော်ရှိသည့်အနက် ၄.၄ ဘီလီယံမှာ အင်တာနက် အသုံးမပြုကြ

RangonNewsDaily:: October . 3 .2014
ယခုခေတ်အခြေအနေအထိ ကမ္ဘာ့ပေါ်တွင် လူသားပေါင်း သန်း ၇ ထောင်ကျော်(၇ ဘီယီယံကျော်) ရှိသည့်အနက် ယနေ့အချိန်အထိ အင်တာနက်နှင့် ထိတွေ့ခွင့် မရသူ (သို့) အင်တာနက် အသုံးမပြုသူဦးရေဟာ ၄.၄ ဘီလီယံအထိ ရှိနေသေးပါတယ်။
ယခုအချက်အလက်များဟာ McKinsey & Co မှ အကြံပြုချက်များနှင့် facebook တို့၏ လေ့လာတွေ့ရှိချက်များဖြစ်
ပါတယ်။ ထိုတွေ့ရှိချက်များအရ ယခုကဲ့သို့ ကမ္ဘာ့ပေါ်မှာ သန်း ၇ ထောင်ကျော်သော လူအားလုံး၏ ထက်ဝက်ကျော်ဖြစ်
သည့် ၄.၄ ဘီယီလံ (သန်း ၄ ထောင် ၄ ရာကျော်)ဟာ အနေအချိန်အထိ အင်တာနက်ချိတ်ဆက်ထားခြင်းမရှိ ကြသေးပေ။ အဲဒီအထဲကမှ ယခုနှစ် ၂၀၁၄ အချိန်အထိ ၁.၈ ဘီလီယံသော သူများသာ အင်တာနက်ချိန်ဆက် အသုံးပြု
သူများ ဖြစ်ပါတယ်။

ဒါကြောင့် ဆီလီကွန်ဘေလီကဲ့သို့သော် နည်းပညာကုမ္ပဏီများစုဝေးရာ နေရာက ကုမ္ပဏီများဖြစ်သည့် Google နှင့် Facebook တို့က အင်တာနက် အသုံးပြုမှု တိုးတက်လာစေရန်အတွက် နည်းလမ်းအသစ်များကို တီထွင်ဖန်တီနေကြပြီး Google ကတော့ Google Loon ကဲ့သို့သော် မိုးပျံပူပေါင်းများဖြင့် အင်တာနက်ပေးနိုင်မည့် ပရောဂျက်များကို စမ်းသပ်နေသလို Facebook ကတော့ Internet.org ကဲ့သို့ အင်တာနက်အခမဲ့ အသုံးပြုနိုင်မည့် နေရောင်ခြည်စွမ်းအင်သုံး အင်တာနက် ပလိပ်ပြားများဖြင့် စမ်းသပ်နေခြင်း ဖြစ်ပါတယ်။


ထိုကဲ့သို့ ဖြစ်နေခြင်းဟာ ဆင်းရဲတဲ့ နိုင်ငံတွေမှာပဲ မဟုတ်ပါဘူး။ အင်တာနက်ချိတ်ဆက်အသုံးပြုထားခြင်း မရှိသည့် လူဦးရေ အချိုးများမှုဟာ နိုင်ငံပေါင်း ၂၀ ကျော်အထိ အဆိုပါ နိုင်ငံများစာရင်းတွင် အမေရိကန် ၊ တရုတ် နှင့် အိန္ဒိယတို့လို လူဦးရေ ထူထပ်များပြားတဲ့ နိုင်ငံတွေလဲ ပါဝင်ပါတယ်။ 


တရုတ်နိုင်ငံမှာဆိုရင် လူဦးရေ ၁.၃ ဘီလီယံကျော် ရှိပြီး အများစုဟာ iPhone လိုမျိုး စမက်ဖုန်း ကို သဲခြေကြိုက်ကြပေမယ့် အများစုကတော့ ယခုတိုင်အောင် အင်တာနက်ကို ဆက်သွယ်ချိတ်ဆက်မှု မရှိကြပါဘူး။ ထိုအတူပဲ အိန္ဒိယ နိုင်ငံဟာလဲ လူဦးရေ ၁ သန်းကျော် ဟာလည်း အလားတူပဲ ဖြစ်ပါတယ်။

 နောက်ဆုံး အမေရိကန်လိုနိုင်ငံမျိုးတောင်မှ သန်း ၅၀ ကျော်လောက်က အင်တာနက်ကို မ၀င်ကြပါဘူး။
သို့ပေမယ့်လဲ ပြီးခဲ့သည့်နှစ်ကတော့ စမက်ဖုန်း နှင့် တက်ဘလက်ကို အသုံးပြုကာ အင်တာနက်သုံးသည့် လူဦးရေအချိုးကတော့ မြို့ပြနေလူဦးရေမှာ အတော်လေး တိုးတက်လာပါတယ်။


ယခုအခါမှာတော့ Facebook ဟာ ကုမ္ပဏီရဲ့ အနာဂတ်ပရောဂျက်တစ်ခု ဖြစ်သည့် စာသားတွေသာ ပါဝင်မည့် Facebook Zero ၀က်ဆိုက်ဘ်ကို ကြိုးစားလုပ်ဆောင်နေပြီး ယခုအခါမှာ အာဖရိကလို နေရာမျိုးမှာအ တော်လေး လုပ်ဆောင်အောင်မြင်နေပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါ Facebook Zero စနစ်ဟာ စမက်ဖုန်းမဟုတ်ပေမယ့်လဲ အင်တာနက်ကို အခမဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ အတွက် ဖြစ်ပါတယ်။


( မှတ်ချက် - မြန်မာနိုင်ငံမှာလဲ Facebook နှင့် တရားဝင် ပါတနာဖြစ်သည့် Telenor က ကုမ္ပဏီမှ ချပေးလျှက်ရှိသည့် မိုဘိုင်းဖုန်းဆင်းကဒ်များတွင် Facebook Zero စနစ်ကို ထည့်သွင်းပေးထားပါတယ်။ ထို့အတွက် အင်တာနက်အသုံးပြုမှု အခမဲ့ဖြစ်ပါတယ်။)


Yangon Media , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment