Pages

Saturday, October 25, 2014

" ဗဟိုစံပြငါးဈေးမှငါးခြစ်သည်များကှို ယမန်နေ့ညပိုင်းက ရွေ့ ပြောင်းခိုင်း "


RangonNewsDaily:: October . 24 .2014
ရွှေပိတောက်ငါးဈေးကြီးစည်ကားစေရန်အတွက်ဗဟိုစံပြငါးဈေးမှငါးခြစ်သည်များကှို ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီမှရွေ့ ပြောင်းခိုင်းခဲ့သည်။
အဆိုပါရွေ့ ပြောင်းခြင်းကို အောက်တိုဘာလ ၂၃ ရက်နေ့ ည ၁၁ နာရီခန့် တွင်စတင်ပြုလုပ်ခဲ့ရာတွင်ရန်ကုန်မြို့ တော်စည်ပင်သာယာရေကော်မတီအဖွဲ့ ၊ယာဉ်ထိန်းရဲများ၊ဒေသခံရဲများစသည်တို့ ပါဝင်သည်။

"သူတို့ ကစည်ကားဖို့ ပဲရွေ့ ပြောင်းခိုင်းတာ၊ကျွန်မတိုကစားဝတ်နေရေးပါဒုက္ခရောက်သွားနိုင်တယ်"ဟု
ငါးခြစ်သည်ဒေါ်စန်းဆိုသူကပြောသည်။

ထို့ ပြင်၎င်းတို့ အနေဖြင့်ရွေ့ ပြောင်းခိုင်းပါက ရွေပိတောက်ငါးဈေးတွင်ငါးဒိုင်မှာတစ်ဦးထဲရှိသောကြောင့်
ငါးဝယ်ရာတွင်လည်း အခက်အခဲရှိကြောင်း၎င်းကရှင်းပြသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ငါးခြစ်ရောင်းနေသူကိုစိုင်းဆိုသူက"ဒီကငါးဒိုင်တွေ အားလုံးကိုပြောင်းခိုင်းရင်ပြ

သနာမဟုတ်ဘူး၊ကျွန်တော်တို့ ပဲဆိုတော့အဆင်မပြေဘူး၊ ဟိုမှာကငါးဒိုင်ကတစ်ဦးပဲရှိတယ်လေ"ဟုပြောသည်။

ဗဟိုစံပြငါးဈေး ဈေးသာယာရေးကော်မတီ ဥက္ကဌက"သူတို့ တွေအနေနဲ့ ကအရင်း အနှီးကိုချီးငှားပြီးလုပ်ရတာ၊အရင်း

အနှီးတစ်ခါပြုတ်သွားပြီးနောက်တစ်ခါပြန်ရင်းဖို့ လေး၊ငါး သိန်းဆိုတာကမလွယ်ပါဘူး"ဟုပြောသည်။

ဗဟိုစံပြငါးဈေးအားရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ ၈ ရက်ခန့်အချိန်ပေး၍ရွေးပြောင်းခိုင်းထားကြောင်း
ငါးခြစ်သည်များထံမှသိရသည်။

ထို့ သို့ ရွေ့ ပြောင်းခိုင်းရာတွင်လည်း ငါးခြစ်သည်များ အနေဖြင့်ဝယ်ယူသူ လိုက်ပါ၍၀ယ်ယူမည်မဟုတ်သောကြောင့်

၎င်းင်းတို့ အနေဖြင့်အရင်းအနှီးပါဆုံးရှုံးမည် ကိုစိုးရိမ်ကြောင်း၎င်းကဆက်ပြောသည်။

"ကျွန်တော်တို့ ဆီမှာဝယ်တဲ့သူတွေ ကိုမေးကြည့်တယ်၊သူတိုကလည်းပိုက်ဆံပေးပြီး ၀ယ်တာဟိုဘက်ကိုပြောင်းရ
လိုဒီဆိုင်မှာမရရင်တခြားဆိုင်တွေမှာဝယ်မှာလိုပြောကြတယ်"ဟုကိုစိုင်းဆိုသူကပြောသည်။

ခြစ်ပြီးသောငါးဖယ်များအနေဖြင့်အချိန်နှစ်နာရီခန့်သာကြာရှည်ခံသောကြောင့်ထိုအချိန်အတွင်းဖောက်သည်များရောက်မလာပါက၎င်းတို့ အနေဖြင့်အရင်းအနှီးဆုံးရှုံးမကိုကြောက်ကြောင်း၎င်းကဆက်ပြောသည်။

Popular Myanmar , 
KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment